PDF အကြမ်းဖက်သမားများက လမ်းပန်းဆက်သွယ်မှုပြတ်တောက်စေရန်နှင့် အပြစ်မဲ့ပြည်သူများအား ထိခိုက်သေကြေပျက်စီးစေရန်ရည်ရွယ်၍ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရန် ပြေးဆွဲပေးနေသည့် မီးရထားများနှင့် ရထားသံလမ်းများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးလျက်ရှိပါသည်။
မတ်လ ၂ ရက်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ သထုံဘူတာ၌ မော်လမြိုင်မှ ရန်ကုန်သို့ ပြေးဆွဲနေသည့် လူစီးတွဲ(၁၂)တွဲ၊ မိုင်းခံတွဲ (၁)တွဲ၊ ဂတ်တွဲ(၁)တွဲပါ ခရီးသည် ၃၅၀ ဦးခန့်လိုက်ပါလာသည့် အမှတ် (၉၀)အစုန်ရထားသည် ရထားလမ်းမိုင်တိုင်အမှတ် ၁၃၈ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြား သထုံဘူတာနှင့် ၆ ဖာလုံခန့်အကွာ အလံချိုးသည့် နေရာအရောက်တွင် ရထားဒုတိယတွဲ (ပထမတန်း) အောက်မှ လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့သဖြင့် ကွန်ကရစ်ဇလီဖားတုံး ၁ တုံး ၄ လက်မပတ်လည်ခန့်ပျက်စီးခဲ့ပြီး သံလမ်းထိန်းကလစ် ၁ ကွင်း အနည်းငယ်ကွေးသွားခဲ့ကြောင်း သိရှိရပါသည်။
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများသည် နိုင်ငံတော်ပိုင်၊ ပုဂ္ဂလိကပိုင် အဆောက်အဦများ၊ ပြည်သူပိုင်အိုးအိမ်များကို ဖျက်ဆီးလျက်ရှိသည့်အပြင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွင် အဓိကကျသော လမ်းပန်းဆက်သွယ်ရေးပြတ်တောက်စေရန် ယခုကဲ့သို့ အကြောင်းမဲ့ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်လျက် ရှိသည့်အတွက် အများပြည်သူအနေဖြင့် ကူးသန်းသွားလာမှုအခက်အခဲများနှင့် အသက်အန္တရာယ်ထိခိုက် ဆုံးရှုံးမှုများ ကြုံတွေ့နေရသည့်အတွက် အဆိုပါအကြမ်းဖက်သမားများ၏ လုပ်ရပ်များအား ပြည်သူတစ်ရပ်လုံးက ရွံရှာမုန်းတီးလျက်ရှိပါသည်။
ထိုကဲ့သို့ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်စေရန်အတွက် ရထားအား မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- သထုံမြို့နယ်၌ မော်လမြိုင်မှ ရန်ကုန်သို့ ပြေးဆွဲနေသည့် အမှတ်(၉၀)အစုန်ရထားအား PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကွန်ကရစ်ဇလီဖားတုံး ၁ တုံး ၄ လက်မပတ်လည်ခန့်ပျက်စီးခဲ့ပြီး သံလမ်းထိန်းကလစ် ၁ ကွင်း အနည်းငယ်ကွေးသွားခဲ့။
- အကြမ်းဖက်သမားများသည် ယခုကဲ့သို့ လမ်းပန်းဆက်သွယ်ရေးအပေါ် အကြောင်းမဲ့ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိသည့်အတွက် အများပြည်သူအနေဖြင့် ကူးသန်းသွားလာမှုအခက်အခဲများနှင့် အသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့နေရသည့်အတွက် အဆိုပါအကြမ်းဖက်သမားများ၏ လုပ်ရပ်များအား ပြည်သူတစ်ရပ်လုံးက ရွံရှာမုန်းတီးလျက်ရှိ။
Add new comment