CRPH၊ NUG အမည်ခံအကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့၏လက်ဝေခံ PDF အဖွဲ့များအနေဖြင့် ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုကို ပျက်ပြားစေရန်အတွက် နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာများ၊ ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ စသည့် အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ နှင့် ရှာဖွေစစ်ဆေးမှုများအား လုပ်ဆောင်လျက်ရှိပါသည်-
· ဒီဇင်ဘာလ ၂၂ ရက်တွင် မန္တလေးတိုင်းဒေသကြီးရှိ ဝက်လူးကျေးရွာအနီး၌ ဒေသန္တရလက်လုပ်မိုင်း ၇ လုံးနှင့် ပဲကြီး ခင်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းရှေ့တို့၌ ဒေသန္တရလက်လုပ်မိုင်း ၃ လုံးတို့အား ရှာဖွေတွေ့ရှိသဖြင့် သက်မဲ့ပြုလုပ် ဖောက်ခွဲဖျက်ဆီးခဲ့။
· ဝက်လူးကျေးရွာအတွင်း လူနေထိုင်ခြင်းမရှိသောနေအိမ်များနှင့် တဲများအတွင်းမှ ဒေသန္တရလက်လုပ်မိုင်းမျိုးစုံ ၃၀ လုံး၊ ယမ်းမှုန့် ၃ ထုပ်၊ သံတိုသံစများထည့်ထားသည့် ဆာ လာအိတ်များ၊ ကီးပတ်ဖုန်းမျိုးစုံ ၂၄ လုံးနှင့် ဆက်စပ်ပစ္စည်း များအား ထပ်မံသိမ်းဆည်းရမိခဲ့။
· နွားထိုးကြီးမြို့နယ်၊ ပတ်ကူကျေးရွာအနီး ယာဉ်မောင်း ဝေဖြိုးအောင် (ဘ)ဦးသိန်းစိုး မောင်းနှင်လာသည့် Hino Dina အမျိုးအစား မော်တော်ယာဉ်အား ရှာဖွေခဲ့ရာ ဆက်စပ်တရားခံများအား လက်ပစ်ဗုံးမျိုးစုံ ၄၅ လုံး၊ AK- 47 ကျည်ဆံ ၁၅၀၀ တောင့်၊ ကျည်အိမ် ၁၂ ခု၊ လျှပ်စစ်ဒီတိုနေတာ ၅၀ ခု၊ WY စာတမ်းပါမူးယစ်ဆေးဝါး ၃၀၀ ပြားနှင့် အတူ ထပ်မံဖမ်းဆီးရမိခဲ့။
အထက်ပါဖြစ်စဉ်များတွင် အများပြည်သူများအား ထိခိုက် နစ်နာသေကြေပျက်စီးစေရန်ရည်ရွယ်၍ အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်ခဲ့သူများနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- ဒီဇင်ဘာလ ၂၂ ရက်တွင် မန္တလေးတိုင်းဒေသကြီးရှိ ဝက်လူးကျေးရွာအနီး၌ ဒေသန္တရလက်လုပ်မိုင်း ၇ လုံးနှင့် ပဲကြီး ခင်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းရှေ့တို့၌ ဒေသန္တရလက်လုပ်မိုင်း ၃ လုံးတို့အား ရှာဖွေတွေ့ရှိသဖြင့် သက်မဲ့ပြုလုပ်ဖောက်ခွဲဖျက်ဆီးခဲ့။
- ဝက်လူးကျေးရွာအတွင်း လူနေထိုင်ခြင်းမရှိသောနေအိမ်များနှင့် တဲများအတွင်းမှ ဒေသန္တရလက်လုပ်မိုင်းမျိုးစုံ ၃၀ လုံး၊ ယမ်းမှုန့် ၃ ထုပ်၊ သံတိုသံစများထည့်ထားသည့် ဆာလာအိတ်များ၊ ကီးပတ်ဖုန်းမျိုးစုံ ၂၄ လုံးနှင့် ဆက်စပ် ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့။
- နွားထိုးကြီးမြို့နယ် ပတ်ကူကျေးရွာအနီး ယာဉ်မောင်း ဝေဖြိုးအောင် (ဘ)ဦးသိန်းစိုး မောင်းနှင်လာသည့် Hino Dina အမျိုးအစား မော်တော်ယာဉ်အား ရှာဖွေခဲ့ရာ ဆက်စပ်တရားခံများအား လက်ပစ်ဗုံးမျိုးစုံ ၄၅ လုံး၊ AK- 47 ကျည်ဆံ ၁၅၀၀ တောင့်၊ ကျည်အိမ် ၁၂ ခု၊ လျှပ်စစ်ဒီတိုနေတာ ၅၀ ခု၊ WY စာတမ်းပါ မူးယစ်ဆေးဝါး ၃၀၀ ပြား နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့။