တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက စစ်ရေးနှင့် မသက်ဆိုင်သော အရပ်ဘက် ပစ်မှတ်များအား ပစ်ခတ်တိုက်ခိုက်

ဒီဇင်ဘာလ ၂၄ ရက် နံနက် ၆ နာရီ ၁၀ မိနစ်ခန့်တွင် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက စစ် ရေးနှင့်မသက်ဆိုင်သော အပြစ်မဲ့ခရီးသွားပြည်သူများအား နှောင့် ယှက်ပစ်ခတ်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ပါသည်။

· CRPH၊ NUG နှင့် PDF အမည်ခံအကြမ်းဖက်သမားများက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ ထွက်ခွာလာသော ခရီးသည်တင် Express ယာဉ် ၄ စီးနှင့် ၁၂ ဘီး ကုန်တင်ယာဉ် ၁ စီးတို့အား သရက်ချောင်းမြို့နယ်၊ ပြင်ဖြူကြီးကျေးရွာ၏ အနောက်မြောက်ဘက်၊ မြိတ်-ထားဝယ်သွား ကားလမ်း မိုင်တိုင်အမှတ်(၂၇)နေရာ၌ လက်လုပ်ဆွဲမိုင်းများဖြင့် ဖောက်ခွဲ၍ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့။

· အဆိုပါပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ၁၂ ဘီးကုန်တင်ယာဉ်မှာ တိမ်းမှောက်ခဲ့ပြီး ခရီးသည်တင် Express ယာဉ်များတွင် လက်နက်ငယ်ကျည် ထိမှန်ပျက်စီးခဲ့ကာ ခရီး သွားပြည်သူ အမျိုးသား ၁ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ် ရာများ ရရှိခဲ့။

· ဒဏ်ရာရ ပြည်သူများအား ထားဝယ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့။

ယခုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်ဘဲ အေးချမ်းစွာ ခရီး သွားလာလျက်ရှိသည့် အများပြည်သူများ၏ အသက်အန္တရာယ် ထိခိုက်သေကျေနိုင်သည်အထိ စက်ဆုပ်ရွံရှာဖွယ်အကြောင်းမဲ့ နှောင့်ယှက်ပစ်ခတ်ခဲ့သည့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား ချေမှုန်းနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်း၊ ဖြစ်စဉ်ဖြစ်ပွားရာ နေရာ သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ စေလွှတ်၍ ဆုတ်ခွာသွားသော  အကြမ်းဖက်သမားများနောက်သို့ လိုက်လံချေမှုန်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ခရီးသွားပြည်သူများ အေးချမ်း စွာ သွားလာနိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • CRPHNUG နှင့် PDF အမည်ခံအကြမ်းဖက်သမားများက မြိတ်မြို့မှ ထွက်ခွာလာသော ခရီးသည်တင် Express ယာဉ် ၄ စီးနှင့် ၁၂ ဘီး ကုန်တင်ယာဉ် ၁ စီးတို့အား လက်လုပ်ဆွဲမိုင်းများဖြင့် ဖောက်ခွဲ၍ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့။
  • အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၂ ဘီးကုန်တင်ယာဉ်မှာ တိမ်းမှောက်ခဲ့ပြီး ခရီးသည်တင် Express ယာဉ်များတွင် လက်နက်ငယ်ကျည် ထိမှန်ပျက်စီးခဲ့ကာ ခရီးသွားပြည်သူ အမျိုးသား ၁ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့