ဖရူဆိုမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များအား KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မော်တော်ယာဉ်များပေါ်မှ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပစ်ခတ်ဖမ်းဆီး

ဒီဇင်ဘာလ ၂၄ ရက်နေ့လည်ပိုင်းတွင် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် လိုအပ်သောစစ်ဆေးမှုများ ဆောင်ရွက်ရန် မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးစဉ် ရပ်တန့်ခြင်းမရှိဘဲ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်မောင်းနှင်ထွက်ပြေး   သဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမားအချို့အား လက်နက်/ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိခဲ့ပါသည်။

· ဖရူဆိုမြို့နယ်၊ မူဆိုကျေးရွာအနီး လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် အများပြည်သူလုံခြုံရေး အတွက် လိုအပ်သော စစ်ဆေးမှုများ ဆောင်ရွက်စဉ် ကွိုင်ငံ ရွာဟောင်းဘက်မှ မူဆိုကျေးရွာဘက်သို့ မသင်္ကာဖွယ် မောင်းနှင်လာသည့် မော်တော်ယာဉ်မျိုးစုံ ၇ စီးအား စစ်ဆေးရန် ရပ်တန့်စေခဲ့ရာ အဆိုပါမော်တော်ယာဉ်များမှာ ရပ်တန့်ခြင်းမရှိသည့်အပြင် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် KNPP နှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက် နက်ငယ်များ၊ လက်ပစ်ဗုံးများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။

· ဖြစ်စဉ်တွင် KNPP နှင့် PDF အမည်ခံအကြမ်းဖက်သမားများနှင့် အကြမ်းဖက်သင်တန်းတက်ရောက်ရန် စုဆောင်းလာသည့် လူသစ်အချို့တို့အား အမ်-၁၆ သေနတ် ၁ လက်၊ ပွိုင့်-၂၂ သေနတ် ၁ လက်၊ တူမီးသေနတ် ၃ လက်၊ လက်ပစ်ဗုံး ၇ လုံး၊ အမ်-၁၆ ကျည် ၂၅ တောင့်၊ ကျည်အိမ် ၂ ခု၊ ပြောက်ကျားယူနီဖောင်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ အသေဖမ်းဆီးရမိခဲ့ပြီး ဓာတ်ဆီ၊ ဒီဇယ်နှင့် အကြမ်းဖက်အဖွဲ့များ စားသုံးရန် ကျေးရွာများမှ အဓမ္မကောက်ခံခဲ့သည့် စားသောက်ကုန်ပစ္စည်းများ တင်ဆောင်ထားသည့် မော်တော်ယာဉ် ၇ စီးမှာလည်း မီးလောင်ပျက်စီးခဲ့။

အဆိုပါအကြမ်းဖက်အဖွဲ့သည် ဒီဇင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် လွိုင်ကော်လေဆိပ်သို့ ဆင်းသက်လာသည့် အရပ်ဘက်ခရီးသည်တင်လေယာဉ်အား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်၍ အရပ်ဝတ်ဖြင့် လျှို့ဝှက်ထွက်ပြေးလာသည့် အဖွဲ့ဖြစ်နိုင်ကြောင်း ဒေသခံများမှတစ်ဆင့် ဖော်ထုတ်သိရှိရပါ သည်။

KNPP နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် အရပ်ဝတ်များဝတ်ဆင်ပြီး မြို့/ရွာ လုံခြုံရေးနှင့် လမ်းတံတားလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်လေ့ရှိသဖြင့် လုံခြုံရေးတပ် ဖွဲ့ဝင်များက မော်တော်ယာဉ်သွားလာ လှုပ်ရှားမှုများအား စစ်ဆေးလျက်ရှိပါသည်။ ယခုဖြစ်စဉ်တွင် အရပ်ဘက်ယာဉ်များပေါ်တွင် လက်နက်ခဲယမ်းများ သိုဝှက်သယ်လာသော အရပ်ဝတ်အကြမ်းဖက်သမားများက စတင်တိုက်ခိုက်ထွက်ပြေး   သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်ဖျက်မီဒီယာအချို့မှ အပြစ်မဲ့ပြည်သူများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက သတ်ဖြတ်မှုပြုလုပ်ခဲ့ကြောင်း သတင်းမှားများ ထုတ်လွှင့်လျက်ရှိပါသည်။

သေဆုံးခဲ့သူများကို သေမှုသေခင်းဖွင့်လှစ်ကာ လိုအပ် သည့် စုံစမ်းမှုများ လုပ်ဆောင်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်း ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။

  • ဖရူဆိုမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် စစ်ဆေးမှုများဆောင်ရွက်ရန် မော်တော် ယာဉ်များအား ရပ်တန့်စစ်ဆေးစဉ် ရပ်တန့်ခြင်းမရှိဘဲ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်မောင်းနှင်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမား ၂ ဦးအား လက်နက်/ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိခဲ့။
  • အဆိုပါအကြမ်းဖက်အဖွဲ့သည် လွိုင်ကော်လေဆိပ်သို့ ဆင်းသက်လာသည့် အရပ်ဘက်ခရီးသည်တင်လေယာဉ်အား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်၍ အရပ်ဝတ်ဖြင့် လျှို့ဝှက်ထွက်ပြေးလာသည့် အဖွဲ့ဖြစ်နိုင်ကြောင်း ဒေသခံများမှ တစ်ဆင့် ဖော်ထုတ်သိရှိရ။