KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ခရီးသည်တင်လေယာဉ်အား လွိုင်ကော်လေဆိပ်သို့ ဆင်းသက်ရောက်ရှိစဉ် ရှော့ခ်တိုက်ဒုံးဖြင့် အချိန်ကိုက်ပစ်ခတ်

ရန်ကုန်မြို့မှ လွိုင်ကော်မြို့သို့ ထွက်ခွာလာသည့်   မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ် ၁ စီးသည် ဒီဇင်ဘာလ ၂၄ ရက်တွင် လွိုင်ကော်လေဆိပ်သို့ ဆင်းသက်ရောက်ရှိစဉ် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများပါဝင်သော ပူးပေါင်းအဖွဲ့က လူနေရပ်ကွက် အတွင်း ပြည်သူလုထုအကာအကွယ်ရယူကာ ၁၀၇ မမ ရှော့ခ် တိုက်ဒုံးများဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့ပါသည်။

ဖြစ်စဉ်တွင် ခရီးသည် ၆၄ ဦး တင်ဆောင်လာသော မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ လေယာဉ် ၁ စီးသည် ရန် ကုန်မြို့မှ ထွက်ခွာခဲ့ပြီး နံနက် ၈ နာရီ ၃၅ မိနစ်ခန့်တွင် လွိုင်ကော်လေဆိပ်သို့ ဆင်းသက်ရောက်ရှိစဉ် လွိုင်ကော်မြို့၊ ဘာဒို ကျေးရွာ၏အနီးနှင့် သင်္ချိုင်းကုန်းနေရာတို့မှ KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများပါဝင်သော ပူးပေါင်းအဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့ရာ လေ ယာဉ်ကွင်း၏ အရှေ့နှင့် အရှေ့တောင်ဘက် မီတာ ၂၀၀၀ ခန့်အကွာနေရာများသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူ၊ အဆောက်အဦနှင့် လေယာဉ်တို့အား ထိခိုက်မှုမရှိကြောင်း သိရှိရပါသည်။

KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပါဝင်သော ပူးပေါင်းအဖွဲ့များအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်ဘဲ အေးချမ်းစွာ ခရီးသွားလာလျက်ရှိသော အများပြည်သူများ အား အစုလိုက်အပြုံလိုက်သေကြေစေခြင်းအလို့ငှာ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါအကြမ်းဖက် သမားများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ က လိုက်လံရှာဖွေချေမှုန်းလျက်ရှိကြောင်း သိရှိရပါသည်။

  • မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ် ၁ စီးသည် ဒီဇင်ဘာလ ၂၄ ရက်တွင် လွိုင်ကော် လေဆိပ်သို့ ဆင်းသက်ရောက်ရှိစဉ် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများပါဝင်သော ပူးပေါင်း အဖွဲ့က ၁၀၇ မမ ရှော့ခ်တိုက်ဒုံး ၄ လုံးဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့ရာ လေယာဉ်ကွင်း၏ အရှေ့နှင့် အရှေ့တောင် ဘက် မီတာ ၂၀၀၀ ခန့်အကွာ နေရာများသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူ၊ အဆောက်အဦနှင့် လေယာဉ်တို့အား ထိခိုက်မှုမရှိ။
  • KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများပါဝင်သော ပူးပေါင်းအဖွဲ့များအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်ဘဲ အေးချမ်းစွာ ခရီးသွားလာလျက်ရှိသော အများပြည်သူများအား အစုလိုက်အပြုံလိုက်သေကြေစေခြင်းအလို့ငှာ ရည်ရွယ် ချက်ရှိရှိဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်။