KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများကို ရဲဝံ့စွာတုံ့ပြန်တိုက်ခိုက်ခဲ့သည့် မိုးကောင်းမြို့နယ်၊ ဆားမှော်မြို့ရှိ နယ်မြေခံတပ်ရင်းမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်မြို့ရှိ နယ်မြေခံတပ်ရင်းအား ဒီဇင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက  လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။

ဖြစ်စဉ်မှာ ဆားမှော်မြို့ရှိ နယ်မြေခံတပ်ရင်းအား KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားအင်အား ၁ဝဝ ဦးခန့်က  ဒီဇင်ဘာလ ၂၄ ရက် နံနက် ၃ နာရီခန့်တွင် တပ်ရင်း၏ အနောက်မြောက်ဘက်မှလည်းကောင်း၊ နံနက် ၄ နာရီခန့်တွင် တပ်ရင်း၏ အရှေ့ဘက်မှလည်းကောင်း၊ နံနက် ၄ နာရီ ၅၅ မိနစ်ခန့်တွင် တပ်ရင်း၏ အမှတ်(၂) ဂိတ်မှလည်းကောင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ရင်းရှိ အရာရှိ၊ စစ်သည်များက ပြန်လည်ခုခံတိုက်ခိုက်ခဲ့ခြင်းကြောင့် KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

အဆိုပါ ဖြစ်စဉ်တွင် အကြမ်းဖက်သမားများကို ရဲဝံ့စွာ တုံ့ပြန်တိုက်ခိုက်ခဲ့သော အရာရှိ၊ စစ်သည်၊ မိသားစုများအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

  • ဆားမှော်မြို့ရှိ နယ်မြေခံတပ်ရင်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၃ ကြိမ်တိုင်လာရောက် ပစ်ခတ် ခဲ့သည့် KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား တပ်ရင်းရှိ အရာရှိ၊ စစ်သည်များက ပြန်လည် ခုခံတိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့။
  • ဖြစ်စဉ်တွင် အကြမ်းဖက်သမားများကို ရဲဝံ့စွာတုံ့ပြန်တိုက်ခိုက်ခဲ့သော အရာရှိ၊ စစ်သည်၊ မိသားစုများအား တာဝန် ရှိသူများက သွားရောက်တွေ့ဆုံ၍ လိုအပ်သည်များမှာကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့။