ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲသို့တက်ရောက်ခဲ့သည့် မြန်မာကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်လေဆိပ်၌ သောင်းသောင်းဖြဖြကြိုဆိုနှုတ်ဆက်

ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲသို့ တက်ရောက်ခဲ့သည့် အပြည်ပြည်ဆိုင် ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်  ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့ ဦးဆောင်သော  မြန်မာကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၂ ရက်တွင်  ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

 မြန်မာကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ တာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)(ဗဟို)မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန် ထမ်းများနှင့် ရဟန်းရှင်လူပြည်သူများက  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံများနှင့် “အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် ရဲဝံ့ပြတ်သားစွာဆောင်ရွက်ခဲ့ကြသော မြန်မာကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ယူဝမ်းမြောက်စွာကြိုဆိုပါသည်” ဟူသည့် ဗွီနိုင်းဆိုင်းဘုတ်များကိုင်ဆောင်ကာ သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။

အဆိုပါကြားနာပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ICJ အနေဖြင့် ဥပဒေကြောင်းအရ ထိုအမှုကို လက်ခံကြားနာစစ်ဆေးခွင့်မရှိကြောင်း  လျှောက်လဲရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာရှေ့နေများကလည်း  မြန်မာနိုင်ငံက တင်သွင်းခဲ့သည့် ကနဦးကန့်ကွက်ချက်များနှင့်ပတ်သက်၍ တရားရုံးသို့  အချက်အလက် ခိုင်ခိုင်မာမာဖြင့် တင်ပြလျှောက်လဲခဲ့ကြောင်း သိရှိရပါသည်။

  • မြန်မာကိုယ်စားလှယ်အဖွဲ့အား ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရဟန်းရှင်လူပြည်သူ များက ရန်ကုန်လေဆိပ်၌ သောင်းသောင်းဖြဖြကြိုဆိုနှုတ်ဆက်ခဲ့ကြ။
  • အဆိုပါကြားနာပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ICJ အနေဖြင့် ဥပဒေကြောင်းအရ ထိုအမှုကို လက်ခံကြားနာစစ်ဆေးခွင့်မရှိကြောင်း လျှောက်လဲရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာရှေ့နေများကလည်း  မြန်မာနိုင်ငံက တင်သွင်းခဲ့သည့် ကနဦးကန့်ကွက်ချက်များနှင့် ပတ်သက် ၍ တရားရုံးသို့  အချက်အလက် ခိုင်ခိုင်မာမာဖြင့် တင်ပြလျှောက်လဲခဲ့

Add new comment