ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် CLMVT Forum ၏ အကျိုးကျေးဇူးများနှင့် ဆက်လက်ကျင်းပရေးဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲသို့တက်ရောက်

၂-၃-၂၀၂၂ ရက်တွင် ထိုင်းနိုင်ငံ၊ Kasetsart University မှကြီးမှူး၍ ကျင်းပသည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ပါဝင်သော CLMVT Forum ၏ အကျိုးကျေးဇူးများနှင့် ဖိုရမ်များ ဆက်လက်ကျင်းပရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက-

  • ဖိုရမ်သည် CLMVT နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ဆောင်ချက်တစ်ခုသာမက အစိုးရ၊ ပုဂ္ဂလိက၊ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် ကျွမ်းကျင်ပညာရှင်များထံမှ အကြံပြုချက်များ၊ ပညာရပ်များနှင့် အမြင်များမှတစ်ဆင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ကြောင်း။
  • ခရီးသွားလုပ်ငန်းသည် CLMVT နိုင်ငံများအတွက်သာမက နိုင်ငံတကာတွင် စီးပွားရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အကျိုးပြုသော အဓိကအရေးပါသည့် လုပ်ငန်းကဏ္ဍများအနက် တစ်ခုပင်ဖြစ်ကြောင်း။
  • ဖိုရမ်ကထွက်ပေါ်လာသော ရလဒ်များက CLMVT နိုင်ငံများအတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးနှင့် အကောင်အထည်ဖော်ရေးလမ်းညွှန်ချက်များ၊ အကြုံပြုချက်များမှတစ်ဆင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် အကျိုးကျေးဇူးများကို ဖြစ်ပေါ်လာစေမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံ၊ Kasetsart University မှ Dr. Montchai Pinitjitsamut က CLMVT Forum ကျင်းပခဲ့ခြင်းနှင့် ဆက်လက်ကျင်းပရေး၊ အကျိုးကျေးဇူးနှင့် ရလဒ်တို့ကို ဆွေးနွေးတင်ပြခဲ့ရာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများက ဖိုရမ်အစီအစဉ်များတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍများ ထပ်မံထည့်သွင်းရေးနှင့် ရှေ့ဆက်ဆောင်ရွက်ရာတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်လိုသည့် ကိစ္စရပ်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ၂-၃-၂၀၂၂ ရက်တွင် ကျင်းပပြုလုပ်သည့် CLMVT Forum ၏ အကျိုးကျေးဇူးများနှင့် ဖိုရမ်များ ဆက်လက်ကျင်းပရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ခဲ့
  • ဖိုရမ်သည် CLMVT နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ဆောင်ချက်တစ်ခုသာမက အစိုးရ၊ ပုဂ္ဂလိက၊ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် ကျွမ်းကျင်ပညာရှင်များထံမှ အကြံပြုချက်များ၊ ပညာရပ်များနှင့် အမြင်များမှတစ်ဆင့် ဒေသတွင်းပူးပေါင်းဆောင်ရွက် မှုကို မြှင့်တင်နိုင်။
  • ခရီးသွားလုပ်ငန်းသည် CLMVT နိုင်ငံများအတွက်သာမက နိုင်ငံတကာတွင် စီးပွားရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အကျိုးပြုသော အဓိကအရေးပါသည့် လုပ်ငန်းကဏ္ဍများအနက် တစ်ခုပင်ဖြစ်။

Add new comment

Switch to plain text editor