(၄၁) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ

(၄၁) ကြိမ်မြောက် အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံအတွင်းရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက-

  • ၂၀၂၂ ခုနှစ်အတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီးပွားရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းများမှာ အာဆီယံနိုင်ငံအားလုံးအတွက် လက်ရှိနှင့် အနာဂတ် စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် လက်တွေ့အသုံးချနိုင်မည်ဖြစ်၍ အောင်မြင်စွာဆောင်ရွက်နိုင်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

  • မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများနှင့် ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေသည့် ရေရှည်တည်တံ့သော စီးပွားရေးမူဘောင် အကောင်အထည်ဖော်မှုတွင် အာဆီယံနိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက်ကို ထည့်သွင်းစဉ်းစား၍ လက်တွေ့ဆောင်ရွက်နိုင်မည့် အစီအစဉ်များ ရေးဆွဲ ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့သည် အာဆီယံ၏ စီးပွားရေးပေါင်းစည်းမှုကို ပိုမိုတိုးမြှင့်နိုင်မည့်ကိစ္စရပ်များ၊ အာဆီယံတွင်း စီးပွားရေးဆိုင်ရာ ကိစ္စရပ်သစ်များနှင့် လက်ရှိအကောင်အထည်ဖော်လျက်ရှိသည့် စီးပွားရေးပေါင်းစည်းမှု လုပ်ငန်းစဉ်များ၏ ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ အာဆီယံ စီးပွားရေးဝန်ကြီးများထံ အကြံပြုချက်များတင်ပြခြင်းနှင့် အာဆီယံအသိုက်အဝန်း၏ ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရာတွင် အာဆီယံစီးပွားရေး အသိုက်အဝန်းအနေဖြင့် ဆောင်ရွက်သင့်သည်များကို အာဆီယံစီးပွားရေးမဏ္ဍိုင်၏ အကြံပေးအဖွဲ့အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။  

  • (၄၁) ကြိမ်မြောက် အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်း အဖွဲ့အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့။

  • မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်အတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီးပွားရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းများမှာ အာဆီယံနိုင်ငံအားလုံးအတွက် လက်ရှိနှင့်အနာဂတ်စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် လက်တွေ့အသုံးချနိုင်မည်ဖြစ်၍ အောင်မြင်စွာဆောင်ရွက်နိုင်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်။

Add new comment