အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေသည့် PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ယင်းမာပင်မြို့နယ်နှင့် ကျွန်းလှမြို့ နယ်တို့အတွင်းရှိ အချို့ကျေးရွာများ၌ PDF အကြမ်းဖက်သမားများ ရောက်ရှိခိုအောင်းလျက်ရှိပြီး ကျေးရွာတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေမည့် အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန်အတွက် အင်အားစုစည်းနေကြောင်း ဒေသခံတာဝန်သိပြည်သူ အချို့မှ သတင်းပေးပို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မတ်လ ၂ ရက်တွင် ဝက်လက်မြို့နယ်၊ ကျောက်တိုင်ကျေးရွာအတွင်းရှိ နေအိမ်အချို့မှ လက်လုပ်သေနတ်မျိုးစုံ ၁၆ လက်၊ ပြုလုပ်ဆဲလက်လုပ်သေနတ်ကိုယ်ထည် ၅ ခု၊ ၁၂ ဗို့ကျည် ၄၁ တောင့်၊ လက်လုပ်ကျည် ၁၂ တောင့်၊ လက်လုပ်မိုင်း ၁၁ လုံးနှင့် လက်လုပ်မိုင်းနှင့် လက်နက်ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပါသည်။

အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအချို့အတွင်းဝင်ရောက်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသဖြင့် အေးချမ်းတည်ငြိမ်စွာနေထိုင်လိုသော ဒေသခံပြည်သူများက အကြမ်းဖက်သမားများအား မလိုလားသဖြင့် ၎င်းတို့၏လှုပ်ရှားမှု သတင်းများကို လျှို့ဝှက်စွာပေးပို့လျက်ရှိရာ  လုံခြုံရေးတပ်ဖွဲ့များက ရရှိသည့်သတင်းများပေါ်မူတည်ပြီး ROE နှင့်အညီ နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက် ရှိပါသည်။

အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးပစ်မှတ်များမဟုတ်သော ဘာသာရေး၊ ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် လူနေအိမ်များကို အကာအကွယ်ရယူပစ်ခတ်တိုက်ခိုက်ခြင်း၊ စခန်းချအခြေပြုခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှုကျူးလွန်ရာရောက်ပြီး အဆိုပါရာဇဝတ်မှု များအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာတည်ဆဲဉပဒေများဖြင့် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်မှုနှိမ်နှင်းရေးလုပ်ငန်းများကို ပြည်သူလူထုတို့နှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

  • ဝက်လက်မြို့နယ်အတွင်း ကျေးရွာတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေမည့် အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန်အတွက် PDF အကြမ်းဖက်သမားများ အင်အားစုစည်း၍ ခိုအောင်းနေကြောင်း  သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်း များနှင့် အခြားဆက်စပ်ပစ္စည်းအချို့တို့အား သိမ်းပိုက်ရရှိခဲ့။
  • အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအချို့အတွင်းဝင်ရောက်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသဖြင့် အေးချမ်းတည်ငြိမ်စွာနေထိုင်လိုသော ဒေသခံပြည်သူများက အကြမ်းဖက်သမားများအား မလိုလားသဖြင့် ၎င်းတို့၏လှုပ်ရှားမှု သတင်းများကို လျှို့ဝှက်စွာပေးပို့လျက်ရှိရာ  လုံခြုံရေးတပ်ဖွဲ့ များကရရှိသည့် သတင်းများပေါ်မူတည်ပြီး ROE နှင့်အညီ နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိ။

Add new comment