ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ ချောင်းသာကမ်းခြေသို့ ဖေဖော်ဝါရီလအတွင်း ခရီးသွားဦးရေ ၁၆,၀၀၀ ကျော်နှင့် ပြည်တွင်း၌ နေထိုင်သည့် နိုင်ငံခြားခရီးသွားဧည့်သည် ၅၃ ဦး လာရောက်လည်ပတ်ခဲ့ပါသည်။
ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးနှစ်ကြိမ်ထိုးနှံပြီးမှသာ လာရောက်လည်ပတ်ခွင့်ပြုထားပြီး ဆေးထိုးပြီးကြောင်း လက်မှတ်ပြရမည့်အပြင် ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ စစ်ဆေးမှုကိုလည်း ခံယူရမည်ဖြစ်ပါသည်။
ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာ ချောင်းသာကမ်းခြေ၌ ၂၄ လုံးရှိပြီး ရွှေသောင်ယံကမ်းခြေ၌ ၃ လုံးရှိ ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးရှိ ချောင်းသာနှင့် ငွေဆောင်ကမ်းခြေတို့အပြင် ရွှေသောင်ယံကမ်းခြေနှင့် ဂေါ်ရန်ဂျီကျွန်း စသည့်နေရာတို့သို့လည်း ခရီးသွားများ လာ ရောက်လည်ပတ်မှုများပြားကြောင်း သိရှိရပါသည်။
- ချောင်းသာကမ်းခြေသို့ ဖေဖော်ဝါရီလအတွင်း ခရီးသွားဦးရေ ၁၆,၀၀၀ ကျော်နှင့် ပြည်တွင်း၌ နေထိုင်သည့် နိုင်ငံခြားခရီးသွားဧည့်သည် ၅၃ ဦး လာရောက်လည်ပတ်ခဲ့။
- ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးနှစ်ကြိမ်ထိုးနှံပြီးမှသာ လာရောက်လည်ပတ်ခွင့်ပြုထားပြီး ဆေးထိုးပြီးကြောင်း လက်မှတ်ပြရမည့်အပြင် ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ စစ်ဆေးမှုကိုလည်း ခံယူရမည်ဖြစ်။
Add new comment