၂၀၁၉ ခုနှစ်၊ ဧပြီလ ၄ ရက်တွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာသော မလေးရှားနိုင်ငံသား Fariz Azman Bin Zainul Azman သည် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရပြီး ယင်းပြစ်မှုဖြင့် အင်းစိန်အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိရာ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ၎င်းအားကျခံရန် ကျန်ရှိသည့်ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြုပြီး ၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် အကျဉ်းထောင်မှ လွှတ်ပေးခဲ့ပါသည်။
နိုင်ငံတော်၏ တည်ဆဲဥပဒေများကို ကျူးလွန်ဖောက်ဖျက်မှုကြောင့် ပြစ်ဒဏ်ကျခံလျက်ရှိသော အနုပညာရှင်များအား အနုပညာဖြင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်စေရေးအတွက် ပိုင်တံခွန်(သရုပ်ဆောင်)၊ လူမင်း(သရုပ်ဆောင်)၊ ပြေတီဦး(သရုပ်ဆောင်)၊ အိန္ဒြာကျော်ဇင်(သရုပ်ဆောင်)တို့အား ၎င်းတို့ကျခံရန်ရှိသည့် ပြစ်ဒဏ်များကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး ဝင်းမင်းသန်း (Beauty Blogger)အား ၎င်းကျခံလျက်ရှိသည့်ပြစ်ဒဏ်များအနက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ကျခံရန်ရှိသည့် ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းနှင့် ဒါရိုက်တာ ဝိုင်းအပေါ် အရေးယူထားသည့်ပြစ်မှုအား ပိတ်သိမ်းပေးခဲ့ကြောင်း သိရှိရပါသည်။
- နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍ အင်းစိန်အကျဉ်းထောင်၌ မူးယစ်ဆေးဝါးမှုဖြင့် ပြစ်ဒဏ်ကျခံလျက်ရှိသော မလေးရှားနိုင်ငံသားတစ်ဦးနှင့် အနုပညာဖြင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်စေရေးအတွက် နိုင်ငံတော်၏ တည်ဆဲဥပဒေများကို ကျူးလွန်ဖောက် ဖျက်မှုကြောင့် ပြစ်ဒဏ်ကျခံလျက်ရှိသော အနုပညာရှင်အချို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့။
Add new comment