ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေး ပါတီများ ရွေးကောက်ပွဲစနစ်ဆိုင်ရာဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၄ ရက်တွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မင်္ဂလာခန်းမ၌ ကျင်းပခဲ့ပြီး အဆိုပါဆွေးနွေးပွဲသို့ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးဥပဒေချုပ်၊ နိုင်ငံ‌ရေးပါတီများမှ ကိုယ်စားလှယ် များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက-

· ယနေ့တွင် အစုအဖွဲ့အလိုက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်း‌ဒေသကြီးလွှတ်တော်များအတွက် PR စနစ်အရ ဆောင်ရွက်သင့်သည့် ရွေးကောက်ပွဲဒီဇိုင်းကို နှစ်ရက်တာအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် မူဘောင်အတွင်းမှ ဆွေးနွေးညှိနှိုင်း၍ သုံးရက်မြောက်နေ့တွင် အစုအဖွဲ့အလိုက်ဆွေးနွေးရရှိလာသည့် PR စနစ် ရွေး ကောက်ပွဲဒီဇိုင်းစာတမ်းတစ်စောင်စီကို ဖတ်ကြားဆွေးနွေး သွားမည်ဖြစ်ကြောင်း။

· လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲများဖြစ်ရန် ဆောင်ရွက်ကြရာတွင် သာတူညီမျှ ယှဉ်ပြိုင်နိုင်သောအခြေ အနေကို ဖန်တီးပေးရန် လိုအပ်သကဲ့သို့ ဥပဒေနှင့်ညီညွတ် မှုရှိရန်ကိုလည်း အလေးထားရမည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲစနစ်နှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များမှန်ကန်မှသာ ပြည်သူအများကို ကိုယ်စားပြုသော ပြည်သူ့ကိုယ်စားလှယ်များ ရွေးချယ်နိုင်မည်ဖြစ်ကြောင်း။

· ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်ရန်အတွက် ရွေးကောက်ပွဲ စနစ်များ ဖော်ဆောင်ခြင်း၊ ရွေးကောက်ပွဲနယ်မြေများ သတ် မှတ်ခြင်း၊ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပခြင်းတို့ ဆောင်ရွက်ရာတွင် PR စနစ်ကို ကျင့်သုံးခြင်းဖြင့် ပါတီအများအပြားသည် ရွေးကောက်ပွဲတွင်ရရှိသည့် ဆန္ဒမဲများအရ အချိုးကျကိုယ်စားလှယ်များရရှိကာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက် လာနိုင်မည်ဖြစ်ကြောင်း။

· လွှတ်တော်အတွင်း တစ်ပါတီကြီးစိုးလွှမ်းမိုးမှုကိုလျှော့ချပြီး ပါတီစုံပါဝင်နိုင်ခြင်းဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ နိုင်ငံတော်အခြေခံမူဖြစ်သည့် စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်မည်ဖြစ် ကြောင်း။

· ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း အချိုးကျကိုယ်စားပြုစနစ် ဖြင့် လွှတ်တော်ရွေးကောက်ပွဲများကျင်းပသည့် နိုင်ငံပေါင်း (၁၁၁) နိုင်ငံရှိလာပြီဖြစ်ပြီး ယနေ့ဆွေးနွေးပွဲတွင် ရွေးကောက် ပွဲစနစ်နှင့်စပ်လျဉ်း၍ ပြည်‌ထောင်စုရွေးကောက်ပွဲကော် မရှင်နှင့် နိုင်ငံရေးပါတီများ သဘောတူညီခဲ့ပြီးဖြစ်သည့် PR စနစ်ဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်များတွင် လိုက်လျောညီထွေ ကျင့် သုံးဆောင်ရွက်နိုင်မည့် ရွေးကောက်ပွဲဒီဇိုင်းကို အကြေ အလည်ညှိနှိုင်းပြီး ဆွေးနွေးကြရန်ဖြစ်ကြောင်း။

· နိုင်ငံရေးပါတီ ၆၂ ပါတီ၊ ဆွေးနွေးမည့်သူ ၁၁၅ ဦးကို အစုအဖွဲ့ ၆ ဖွဲ့အနေဖြင့် ပြည်သူ့လွှတ်တော် ၂ ဖွဲ့၊ အမျိုးသားလွှတ်တော် ၂ ဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ၂ ဖွဲ့စီဖြင့် ပါတီအကြီးအငယ်အလိုက် မျှတရန် စုဖွဲ့ထားကြောင်း၊ အစုအဖွဲ့အလိုက်ဆွေးနွေးကြရာတွင် အဆင်ပြေစေရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် အထောက်အကူပြုရုံးဝန်ထမ်းများက ဝိုင်း ဝန်းကူညီပေးသွားကြမည်ဖြစ်ကြောင်း။

· ပါတီတစ်ခုတည်းကသာ ရွေးကောက်ပွဲအနိုင်ရလိုပြီး နိုင်ငံ တော်အာဏာကို မတရားရယူနိုင်ရန် ဆောင်ရွက်ခဲ့မှုများကြောင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ပယ်ဖျက်ခဲ့ရသည်အထိ ဖြစ်ပွားခဲ့ရသည်ကို သင်ခန်းစာယူရမည်ဖြစ်ကြောင်း နှင့် ပါတီနိုင်ငံရေးဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံ  ဥပဒေကို အလေးထားလိုက်နာဆောင်ရွက်ကြရန်၊ တည်ဆဲဥပဒေများကို လိုက်နာနိုင်ရန်နှင့် မိမိတိုင်းပြည်၊ လူမျိုး၊ ယဉ်ကျေးမှု၊ ဓလေ့၊ ထုံးစံများနှင့်ဆီလျော်သည့် ရွေးကောက် ပွဲစနစ်မျိုး ဖော်ဆောင်နိုင်ရေး အလေးထား‌ဆွေးနွေးပေးကြပါရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့။

နိုင်ငံရေးပါတီ အစုအဖွဲ့(၆)ဖွဲ့တို့က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်‌တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် တို့အတွက် PR စနစ်အရ ဆောင်ရွက်သင့်သည့် ရွေးကောက်ပွဲဒီဇိုင်းများကို ဆက်လက်ဆွေးနွေးကြပြီး ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၅ ရက်နှင့် ၂၆ ရက်အထိ ကျင်းပဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

  • ရွေးကောက်ပွဲစနစ်နှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များမှန်ကန်မှသာ ပြည်သူအများကို ကိုယ်စားပြုသော ပြည်သူ့ကိုယ်စား လှယ်များ ရွေးချယ်နိုင်မည်ဖြစ်။
  • PR စနစ်ကို ကျင့်သုံးခြင်းဖြင့် ပါတီအများအပြားသည် ရွေးကောက်ပွဲတွင် ရရှိသည့်ဆန္ဒမဲများအရ အချိုးကျကိုယ်စားလှယ် များရရှိကာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်လာနိုင်မည်ဖြစ်။
  • လွှတ်တော်အတွင်း တစ်ပါတီကြီးစိုးလွှမ်းမိုးမှုကိုလျှော့ချပြီး ပါတီစုံပါဝင်နိုင်ခြင်းဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ နိုင်ငံတော်အခြေခံမူဖြစ်သည့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်မည်ဖြစ်
  • နိုင်ငံရေးပါတီ ၆၂ ပါတီ၊ ဆွေးနွေးမည့်သူ ၁၁၅ ဦးကို အစုအဖွဲ့ ၆ ဖွဲ့အနေဖြင့် ပြည်သူ့လွှတ်တော် ၂ ဖွဲ့၊ အမျိုးသား လွှတ်တော် ၂ ဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ၂ ဖွဲ့စီဖြင့် ပါတီအကြီးအငယ်အလိုက် မျှတရန် စုဖွဲ့ထားရှိ။
  • ပါတီတစ်ခုတည်းကသာ ရွေးကောက်ပွဲအနိုင်ရလိုပြီး နိုင်ငံတော်အာဏာကို မတရားရယူနိုင်ရန် ဆောင်ရွက်ခဲ့မှုများ ကြောင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ပယ်ဖျက်ခဲ့ရသည်အထိ ဖြစ်ပွားခဲ့ရသည်ကို သင်ခန်းစာယူရမည်ဖြစ်။