နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သန်လျင်ဖန်ချက်စက်ရုံ အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ သန်လျင်ဖန်ချက်စက်ရုံ အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်းအခမ်းအနားအား ဒီဇင်ဘာလ ၂၄ ရက်တွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ သန်လျင်ဖန်ချက်စက်ရုံဆိုင်းဘုတ်အား စက်ခလုပ် နှိပ်ဖွင့်လှစ်ပေးခြင်း၊ ဖန်ချက်မီးဖို(FUR- NACE)အား စက်ခလုပ်နှိပ်မီးညှိဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက် ခဲ့ပြီး အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ စက်ရုံ အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။ 

နိုင်ငံတော်ဝန်ကြီးချုပ်က ဖန်ပုလင်းများ သုံးစွဲမှုဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချနိုင်ကြောင်း၊ ယခုကဲ့သို့ ဖန်ထည်ပစ္စည်းများကို ပြည်တွင်း၌ လုံလောက်စွာ ထုတ် လုပ်နိုင်ခြင်းကြောင့် ပြည်ပသွင်းကုန်များကို လျှော့ချနိုင်မည် ဖြစ်သဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်ကြောင်း၊ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်သဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြား ခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ်၊ မြို့တော်ဝန်နှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သန်လျင်ဖန်ချက် စက်ရုံအား ၁၉၆၇ ခုနှစ် တွင်စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆင့်ဆင့်တိုးချဲ့ထုတ်လုပ်မှုများ ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ဖန်ပုလင်းအသုံးပြုမှုအတွက် ပြည်ပမှဖန်ပုလင်း များ တင်သွင်းနေရမှုကို လျှော့ချနိုင်ရန်အတွက် ၂၀၁၈ ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး                     မင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် စက်ရုံအဆင့်မြှင့်တင်မှုအား ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအဆင့်မြှင့်တင်တည်ဆောက်ထားသည့် သန်လျင်ဖန်ချက်စက်ရုံမှ တစ်ရက်လျှင် ဖန်တန်ချိန် ၃၀၀ ကိုထုတ်လုပ်နိုင်ပြီး ပျမ်းမျှပုလင်း အလုံးရေ လေးသိန်းကျော်အား ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့် နိုင်ငံအတွက် လိုအပ် သည့်ဖန်ပုလင်းများကို ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။

  • နိုင်ငံတော်ဝန်ကြီးချုပ်က ဖန်ထည်ပစ္စည်းများကို ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းကြောင့် ပြည်ပသွင်းကုန် များကို လျှော့ချနိုင်မည်ဖြစ်သဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်ကြောင်းနှင့် ပြည်တွင်းအလုပ်အကိုင်အခွင့် အလမ်းများကို ရရှိနိင်မည်ဖြစ်သဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားခဲ့။
  • မြန်မာနိုင်ငံ၏ဖန်ပုလင်းအသုံးပြုမှုအတွက် ပြည်ပမှဖန်ပုလင်းများ တင်သွင်းနေရမှုကို လျှော့ချနိုင်ရန်အတွက် ၂၀၁၈ ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် စက်ရုံအဆင့်မြှင့်တင် မှုအား ပြုလုပ်ခဲ့ခြင်းဖြစ်။
  • ယခုအဆင့်မြှင့်တင် တည်ဆောက်ထားသည့် သန်လျင်ဖန်ချက်စက်ရုံမှ တစ်ရက်လျှင် ဖန်တန်ချိန် ၃၀၀ ကို ထုတ်လုပ် နိုင်ပြီး ပျမ်းမျှပုလင်းအလုံးရေ လေးသိန်းကျော်အား ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့် နိုင်ငံအတွက် လိုအပ်သည့် ဖန်ပုလင်း များကို ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်ပေးနိုင်တော့မည်ဖြစ်။