နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

              နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၂၄ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်း မှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

တက္ကသိုလ်အစည်းအဝေးခန်းမတွင် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ်တို့က တက္ကသိုလ်၏ ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများနှင့် နိုင်ငံတော်စီမံကိန်းများတွင် တက္ကသိုလ်မှ ပါဝင်ဆောင် ရွက်လျက်ရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

· မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သည် ပြည်တွင်းပြည်ပ ရေကြောင်းသွားလာရေးလုပ်ငန်းများအတွက် အရေး ပါသည့် ရေကြောင်းပညာရှင်များ မွေးထုတ်ပေးသည့် အဓိက တက္ကသိုလ်တစ်ခုဖြစ်ကြောင်း။

· နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆိပ်ကမ်းများစီမံခန့်ခွဲမှုသည် အရေးကြီးပြီး ဆိပ်ကမ်းများအား နိုင်ငံတကာအဆင့်မီတည်ဆောက်နိုင်ရေး ဆက်လက်အကောင်အထည် ဖော် ဆောင်ရွက်ရန်လိုကြောင်း။

· ရေကြောင်းပို့ဆောင်ရေးသည် ကုန်ကျစရိတ်သက်သာစွာဖြင့် ကုန်ပစ္စည်းအမြောက်အမြားကို သယ်ယူပို့ဆောင်ပေး နိုင်သည့်အတွက် နိုင်ငံတွင်းရှိ ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်းမြစ်များကို ကောင်းမွန်စွာ အသုံးချရမည်ဖြစ် ကြောင်း။

· ရေကြောင်းကူးသန်းမှုတွင် port management သည် အရေးကြီးပြီး နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် ခေတ် မီနည်းပညာများဖြင့် စီမံခန့်ခွဲသည့်ပညာရပ်များကို လေ့လာသင်ကြားဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း။

· ထူးချွန်သည့် သင်္ဘောတည်ဆောက်ရေးပညာရှင်များ ထွက် ပေါ်လာရေးအတွက် လက်တွေ့လေ့ကျင့်ခန်းများဖြင့် ထိထိရောက်ရောက် အဆင့်မီစွာဆောင်ရွက်ရန် လိုကြောင်း။

· မြန်မာနိုင်ငံရှိ ရှိပြီးသား သင်္ဘောကျင်းများ၌ သင်္ဘောတည် ဆောက်ရေးလုပ်ငန်းများတွင် ယခုတက္ကသိုလ်မှ မွေးထုတ် ပေးလိုက်သည့် သင်္ဘောတည်ဆောက်ရေးပညာရှင်များက ဦးဆောင်၍ ဆောင်ရွက်ကြရန်လိုကြောင်း။

· တက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သူများအနေဖြင့် ပိုမို  အရည်အချင်းပြည့်ဝပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ပညာရှင်များဖြစ်အောင် ကြိုးစားသွားရန်လိုကြောင်း။

· တက္ကသိုလ်ကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့်  တက္ကသိုလ်တစ်ခုဖြစ်စေရေး ဆရာ၊ဆရာမများ၊ အဆောက် အဦများနှင့် သင်ထောက်ကူပစ္စည်းများ ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

· ကျောင်းသားများအတွက် ပတ်ဝန်းကျင်ကောင်းများ ဖန်တီး၍ လူမှုဘဝများဖွံ့ဖြိုးတိုးတက်အောင် အခြေခံမှအစ ဆောင်ရွက်ပေးရန်လိုပြီး သင်တန်းပြီးဆုံးချိန်တွင် မိမိကိုယ် တိုင် ရပ်တည်နိုင်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ဖြစ်ကြောင်း။

· သင်ကြားမှု အထောက်အကူပြု စာအုပ်၊ စာတမ်းများကို အမြဲမပြတ်ဖတ်ရှုနိုင်ရန်နှင့် ခေတ်နှင့်လျော်ညီသည့် ပညာ ရပ်များကို လေ့လာနိုင်ရေးအတွက်လည်း ဒစ်ဂျစ်တယ်နည်း ပညာများအသုံးပြု၍ စာအုပ်၊ စာတမ်းများ ဖတ်ရှုလေ့လာ နိုင်ရေးဆောင်ရွက်ပေးရန် လိုကြောင်း။

· တက္ကသိုလ်သင်ကြားရေးများတွင် သာမန်ပညာသင်ကြားရေးသာ မဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူများအတွက် အခြားလိုအပ်သည့် နေထိုင်ရေး၊ လုံခြုံရေး၊ စားသောက်ရေးများကိုလည်း ဖြည့်ဆည်းပေးခြင်းဖြင့် နိုင်ငံတကာတွင် မိမိတို့တက္ကသိုလ်များသည် အတုယူဖွယ်ရာ တက္ကသိုလ်များဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုကြောင်း မှာကြားခဲ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက္ကသိုလ်အတွင်းရှိ သင်ကြားရေး၊ စီမံရေး၊ အရည်အသွေးစိစစ်ခန့်ခွဲရေးရုံး၊ စာကြည့်တိုက်တို့အားကြည့်ရှုခဲ့ပြီး Full Mission Engine Room Si-mulator ဌာနတို့တွင် အင်ဂျင်နှင့် ဆက်စပ်ပစ္စည်းများအား ကျွမ်းကျင်စွာ မောင်းနှင်နိုင်ရေး၊ အရေးပေါ်အခြေအနေအား ဖြေရှင်းဆောင်ရွက်နိုင်ရေး လေ့ကျင့်ဆောင်ရွက်ပေးမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ ဘွဲ့ကြိုသင် တန်းများ၊ ဘွဲ့လွန်ဒီပလိုမာသင်တန်းများ၊ မဟာအင်ဂျင်နီယာ ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ၂၀၀၇ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ဘာသာရပ်များအလိုက် ဘွဲ့ရရှိသူစုစုပေါင်း ၄၁၃၇ ဦး၊ ဘာသာရပ်အလိုက် ဘွဲ့လွန်ဒီပလိုမာဘွဲရရှိသူ ၁၀၅၂ ဦးနှင့် မဟာအင်ဂျင်နီယာဘွဲ့ရရှိသူ ၁၇ ဦးတို့အား မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

  • မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သည် ပြည်တွင်းပြည်ပ ရေကြောင်းသွားလာရေးလုပ်ငန်းများအတွက် အရေးပါသည့် ရေကြောင်းပညာရှင်များ မွေးထုတ်ပေးသည့် အဓိကတက္ကသိုလ်တစ်ခုဖြစ်ကြောင်း။
  • ရေကြောင်းကူးသန်းမှုတွင် port management သည် အရေးကြီးပြီး နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် ခေတ်မီနည်းပညာများဖြင့် စီမံခန့်ခွဲသည့်ပညာရပ်များကို လေ့လာသင်ကြားဆောင်ရွက်ရန်လည်း လိုအပ်မည် ဖြစ်ကြောင်း။
  • ထူးချွန်သည့် သင်္ဘောတည်ဆောက်ရေးပညာရှင်များ ထွက်ပေါ်လာရေးအတွက် လက်တွေ့လေ့ကျင့်ခန်းများဖြင့် ထိထိရောက်ရောက် အဆင့်မီစွာဆောင်ရွက်ရန် လိုကြောင်း။
  • မြန်မာနိုင်ငံရှိ ရှိပြီးသား သင်္ဘောကျင်းများ၌ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများတွင် ယခုတက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သည့် သင်္ဘောတည်ဆောက်ရေးပညာရှင်များက ဦဆောင်၍ဆောင်ရွက်ကြရန်လိုကြောင်း
  • တက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သူများအနေဖြင့် ပိုမိုအရည်အချင်းပြည့်ဝပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်း နိုင်သည့် ပညာရှင်များဖြစ်အောင်ကြိုးစားသွားရန် လိုကြောင်း။
  • မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ ၂၀၀၇ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ဘာသာရပ်များအလိုက် ဘွဲ့ရရှိသူ စုစုပေါင်း ၄၁၃၇ ဦး၊ ဘာသာရပ်အလိုက် ဘွဲ့လွန်ဒီပလိုမာဘွဲရရှိသူ ၁၀၅၂ ဦးနှင့် မဟာအင်ဂျင်နီယာဘွဲ့ ရရှိသူ ၁၇ ဦးတို့အား မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်။