စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာအတွင်း ဒေသခံပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးတို့အတွက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား CNF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ဒီဇင်ဘာလ ၂၃ ရက်တွင် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။
ဖြစ်စဉ်မှာ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာ၌ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား CNF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမား ၃၀၀ ဦးခန့်က လက်နက်ကြီး/ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာ၏ အနောက်ဘက်သို့ ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးသွားခဲ့ရပြီး အကြမ်း ဖက်သမားများထံမှ အလောင်း ၉ လောင်း၊ အာပီဂျီ ၁ လက်(ပျက်စီး)၊ လက်လုပ်မိုင်း ၁ လုံး၊ လျှပ်စစ်ဒီတိုနေတာ ၂၅၀ ခု၊ မီးရှို့စနက်တံ ၄၀၀ ခု၊ ယမ်းကြိုး (မီတာ ၅၀ ပါ) ၄ ခွေတို့အား သိမ်းဆည်းရမိခဲ့ပါသည်။
အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအချို့ အတွင်းဝင်ရောက်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နိုင်ခြင်းမရှိစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး တာဝန်သိပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ကြရန် သတင်းထုတ်ပြန်ထားရှိပါသည်။
- ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာ၌ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား CNF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမား ၃၀၀ ဦးခန့်က လက်နက်ကြီး/ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံတိုက်ခိုက်ခဲ့။
- အကြမ်းဖက်သမားများထံမှ အလောင်း ၉ လောင်း၊ အာပီဂျီ ၁ လက်(ပျက်စီး)၊ လက်လုပ်မိုင်း ၁ လုံး၊ လျှပ်စစ်ဒီတို နေတာ ၂၅၀ ခု၊ မီးရှို့စနက်တံ ၄၀၀ ခု၊ ယမ်းကြိုး(မီတာ ၅၀ ပါ) ၄ ခွေတို့အား သိမ်းဆည်းရမိခဲ့။