ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဆက်လက်ဆောင်ရွက်လျက်ရှိ

   ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသော Quarantine Center များအား ဆက်လက်ဖွင့်လှစ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးခြင်းတို့အား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်-

· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၃ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၁၈၆,၇၈၄ ဦးအားလည်း‌ကောင်း၊ ပထမအကြိမ်အဖြစ်   ပြည်သူစုစုပေါင်း ၁၀၂,၂၇၁ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။

· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ် နှင့်အထက် ကျောင်း သား/သူများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ဒီဇင်ဘာလ ၂၃ ရက်တွင် ဒုတိယ အကြိမ်အဖြစ် ၉,၇၃၉ ဦးအားလည်းကောင်း၊ ပထမအကြိမ်အဖြစ် ၅,၇၃၂ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဒီဇင်ဘာလ ၂၃ ရက်အထိ ကျောင်းသား/သူစုစုပေါင်း ၁,၄၆၈,၂၃၅ ဦး ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။

· ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဒီဇင်ဘာလ ၂၃ ရက်အထိ လူဦးရေစုစုပေါင်း ၂၀ ဒသမ ၂ သန်းအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ ၁၄ ဒသမ ၃ သန်းနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ ၅ ဒသမ ၉ သန်းရှိကာ မြန်မာ နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း ၃၄ ဒသမ ၅ သန်း ထိုးနှံပြီးဖြစ်။

· အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး COVAXIN ၁ သန်းအား အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် H.E. Shri Harsh Vardhan Shringle က မြန်မာနိုင်ငံကြက်ခြေနီအသင်းကိုယ်စားလှယ်ထံပေးအပ်ခဲ့။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား ပြည်ပမှ အဆင်ပြေ ချောမွေ့စွာ တင်သွင်းနိုင်ရန်အတွက် ဆောင်ရွက်ပေးလျက်ရှိရာ-

· ဒီဇင်ဘာလ ၂၃ ရက်တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ၊ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်၊ မြဝတီကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ၃ ခုမှ ယာဉ် ၄ စီးဖြင့် အောက်ဆီဂျင်ထုတ်စက် ၁ ခု၊ အိမ်သုံးအောက်ဆီဂျင်စက်အခု ၄၀ နှင့် နှာခေါင်းစည်း(Mask) ၁၀ တန်တို့ကို တင်သွင်းနိုင်ခဲ့။

   ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၃ ရက်တွင် ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၃,၄၀၇ ခုအားစစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၇၆ ဦးဖြင့် ရောဂါပိုးတွေ့ရှိမှု ၂.၀၆ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၂၃-၁၂-၂၀၂၁ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၅,၉၅၀,၇၉၆ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၂၉,၁၁၄ ဦးနှင့် သေဆုံးသူ စုစုပေါင်း ၁၉,၂၄၂ ဦးရှိကြောင်း သိရှိရပါသည်။

  • တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၃ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၁၈၆,၇၈၄ ဦးအားလည်း‌ကောင်း၊ ပထမ အကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၁၀၂,၂၇၁ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။
  • ၂၃-၁၂-၂၀၂၁ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူ စုစုပေါင်း ၁,၄၆၈,၂၃၅ ဦး ကာကွယ်ဆေး ထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
  • ၂၃-၁၂-၂၀၂၁ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၅,၉၅၀,၇၉၆  ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၂၉,၁၁၄ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၂၄၂ ဦးဖြစ်ပြီး ၂၃-၁၂-၂၀၂၁ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၂.၀၆ ရာခိုင်နှုန်းရှိ
  • အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး COVAXIN ၁ သန်းအား ပေးအပ်လှူဒါန်းခဲ့။