ဝေါနှင့် ပဲခူးမြို့တို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲနှင့် ပန်းခင်းစီမံချက် လျာထားချက်ပြီးမြောက်အောင်မြင်ပွဲများ ကျင်းပပြုလုပ်

   ဒီဇင်ဘာလ ၂၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့ မြို့နယ်ခန်းမနှင့် ပဲခူးမြို့၊ မြို့တော်ခန်းမတို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲနှင့် ပန်းခင်းစီမံချက်လျာထားချက် ပြီးမြောက်အောင်မြင်ပွဲအခမ်းအနားများကို ကျင်းပခဲ့ပါသည်။

  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့သည် ဝေါမြို့နယ်  နှင့် ပဲခူးမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာကိုယ်စားလှယ်များထံသို့လည်းကောင်း၊ စီမံချက်လျာထားချက် ပြီးမြောက်အောင်မြင်ခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ဝေါမြို့နယ်နှင့် ပဲခူးမြို့နယ် ဦးစီးမှူးများထံသို့လည်းကောင်း ပေးအပ်ခဲ့သည်။

   ပဲခူးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၅၉,၅၇၆ ကတ်လျာထားဆောင်ရွက်ခဲ့ရာ ယခုအထိ ၁၁၂,၂၁၅ ကတ် ပြီးစီးခဲ့ပြီး ဝေါမြို့နယ်အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၅,၂၄၈ ကတ်လျာထားဆောင်ရွက်ခဲ့ ရာ ယခုအထိ ၅,၄၄၅ ကတ် ၁၀၃ ဒသမ ၇၅ ရာခိုင်နှုန်း ပြီးစီး အောင်ဆောင်ရွက်နိုင်ခဲ့သည်။ ယင်းကာလအတွင်း အိမ်ထောင်စု လူဦးရေစာရင်းမရှိသေးသူများအတွက် အိမ်ထောင်စုလူဦးရေစာရင်း ၁,၄၃၆ စု ကိုလည်းထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

  •  ပဲခူးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၅၉,၅၇၆ ကတ် လျာထားဆောင်ရွက် ခဲ့ရာ ယခုအထိ ၁၁၂,၂၁၅ ကတ် ပြီးစီးခဲ့။
  •  ဝေါမြို့နယ်အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၅,၂၄၈ ကတ် လျာထားဆောင်ရွက်ခဲ့ရာ ယခုအထိ ၅,၄၄၅ ကတ် ၁၀၃ ဒသမ ၇၅ ရာခိုင်နှုန်း ပြီးစီးခဲ့။
  • ယင်းကာလအတွင်း အိမ်ထောင်စုလူဦးရေစာရင်း မရှိသေးသူများအတွက် အိမ်ထောင်စုလူဦးရေစာရင်း ၁,၄၃၆ စုကို လည်း ထုတ်ပေးခဲ့ပြီးဖြစ်။