ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် လာမည့် ၂၀၂၂ ခုနှစ်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၂၃ ရက်တွင် ဆေးတက္ကသိုလ်(၁)စာကြည့်တိုက်ရှိ အစည်းအဝေးခန်းမမှတစ်ဆင့် Zoom Meeting ဖြင့် တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမှာ စကားပြောကြားရာတွင်-
· ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် Covishield ၁၃ ဒသမ ၄ သန်း၊ Sasakawa foundation မှ လှူဒါန်းသည့် Covaxin ၂ သန်း၊ အိန္ဒိယ နိုင်ငံမှ လှူဒါန်းမည့် Covaxin ၁ သန်း၊ တရုတ်နိုင်ငံမှ လှူဒါန်းမည့် Sinovac ၁ သန်း ရရှိရန်ရှိကြောင်း။
· ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် Sputnik Light ၁ သန်း၊ ဖေဖော်ဝါရီလမှစတင်၍ မြန်မာနိုင်ငံတွင် ထုတ်လုပ်မည့် Sinopharm ကာကွယ်ဆေးများ လစဉ် ၁ သန်းခန့် ရရှိရန်ရှိသည့်အတွက် ကာကွယ်ဆေးများကို စနစ်တကျ၊ အလေအလွင့်၊ အပျက်အစီးမရှိဘဲ ထိရောက်စွာအသုံးပြုနိုင်ရေးကို အထူးဂရုပြုဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း။
· ကာကွယ်ဆေးများ၏ သက်တမ်းကုန်ဆုံးရက်မတိုင်မီ နိုင်ငံသူ၊ နိုင်ငံသားများအား ကာကွယ်ဆေးများ အာနိသင် မပျက် ကောင်းမွန်စွာအသုံးပြုနိုင်ရန် ကာကွယ်ဆေးများ လက်ခံ၊ ထိန်းသိမ်း၊ ထားသို၊ ဖြန့်ဝေ၊ ထိုးနှံသည့် အဆင့်တိုင်းတွင် ကာကွယ်ဆေးအလိုက် ထိန်းသိမ်းထားရှိရမည့် အအေးလမ်းကြောင်းကို အထူးအလေးထား ဂရုပြုဆောင်ရွက်စေလိုကြောင်း။
· နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လာမည့် ၂၀၂၂ ခုနှစ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကင်ဆာရောဂါ ကုသဆောင်နှင့် ဆောက်လုပ်ဆဲ ၇ ထပ် ဆေးကုသဆောင် ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှုစစ်ဆေးကာ အလေအလွင့်မရှိစေရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်အချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားကြရန် မှာကြား ခဲ့ပါသည်။
- ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် Covishield ၁၃ ဒသမ ၄ သန်း၊ Sasakawa foundation မှ လှူဒါန်းသည့် Covaxin ၂ သန်း၊ အိန္ဒိယနိုင်ငံမှ လှူဒါန်းမည့် Covaxin ၁ သန်း၊ တရုတ်နိုင်ငံမှ လှူဒါန်းမည့် Sinovac ၁ သန်း ရရှိရန်ရှိ။
- ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် Sputnik Light ၁ သန်း၊ ဖေဖော်ဝါရီလမှစတင်၍ မြန်မာနိုင်ငံတွင် ထုတ်လုပ်မည့် Sinopharm ကာကွယ်ဆေးများ လစဉ် ၁ သန်းခန့် ရရှိရန်ရှိသည့်အတွက် ကာ ကွယ်ဆေးများကို စနစ်တကျ၊ အလေအလွင့်၊ အပျက်အစီးမရှိဘဲ ထိရောက်စွာအသုံးပြုနိုင်ရေးကို အထူးဂရုပြု ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ဦးဆောင်လမ်းညွှန် မှုဖြင့် လာမည့် ၂၀၂၂ ခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးဆောင်ရွက်သွားရမည်ဖြစ်။