အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ လက်ခံတွေ့ဆုံ

   ဒီဇင်ဘာလ ၂၂ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် H.E.Shri Harsh Vardhan Shringle ဦးဆောင်သော ကိုယ်စားလှယ်  အဖွဲ့နှင့် လက်ခံတွေ့ဆုံခဲ့ရာတွင် နှစ်နိုင်ငံရှိရင်းစွဲဆက်ဆံရေးကို ပိုမိုတိုးမြှင့်ရေး၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကဏ္ဍများဖြစ်သည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း၊ စစ်တွေဆိပ်ကမ်းလုပ်ငန်းစတင်လည်ပတ်ရေးလုပ်ငန်း၊ တမူးကျီကုန်း-ကလေးဝ လမ်းပေါ်ရှိ တံတား ၆၉ စင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်း၊ တမူးနယ်စပ်တွင် အဆင့်မီဘက်ပေါင်းစုံ စစ်ဆေးရေးဂိတ်တည်ဆောက်ရေး စီမံကိန်း၊ နှစ်နိုင်ငံ ပြည်သူချင်းထိတွေ့ဆက်ဆံမှု ပိုမိုခိုင်မာလာစေရေးနှင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများအတွက် အိန္ဒိယနိုင်ငံမှ ကူညီဆောင်ရွက်ပေးနေသည့် ကိစ္စရပ်များဆွေးနွေးပြောကြားခဲ့ပါ သည်။

   ဒီဇင်ဘာလ ၂၃ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁)၊ ရုံးအမှတ်(၄၁)၌ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် H.E.Shri Harsh Vardhan Shringle ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး၊ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ အိန္ဒိယ-မြန်မာ နယ်စပ်ဒေသ များ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ ဆွေးနွေးခဲ့ကြသည်။

  • နှစ်နိုင်ငံ ရှိရင်းစွဲဆက်ဆံရေးကို ပိုမိုတိုးမြှင့်ရေး၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကဏ္ဍများဖြစ်သည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း၊ စစ်တွေဆိပ်ကမ်းလုပ်ငန်း စတင် လည်ပတ်ရေးလုပ်ငန်း၊ တမူးကျီကုန်း-ကလေးဝ လမ်းပေါ်ရှိ တံတား ၆၉ စင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်း၊ တမူးနယ်စပ်တွင် အဆင့်မီဘက်ပေါင်းစုံ စစ်ဆေးရေးဂိတ် တည်ဆောက်ရေး စီမံကိန်းများ ဆွေးနွေးခဲ့။
  • မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာဆက်ဆံရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ အိန္ဒိယ-မြန်မာ နယ်စပ်ဒေသများ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ ဆွေးနွေးခဲ့။