တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ (၁/၂၀၂၁) အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြား

   တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ (၁/၂၀၂၁) အစည်းအဝေးကို ဒီဇင်ဘာလ ၂၃ ရက်တွင် နေပြည်တော်ရှိစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က-

· တရားမဝင်ကုန်သွယ်မှုသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့်အချက်များထဲမှ အဓိကအချက်(၁)ခုဖြစ်ပြီး တရားမဝင်ကုန်သွယ်မှုကဏ္ဍ အင်အားကြီးနေသမျှ တရားဝင်လုပ်ကိုင်သောလုပ်ငန်းများကို အဟန့်အတားဖြစ်စေကြောင်း။

· နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်နေသည့်အတွက် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် တရားမဝင်ကုန်စည်များ နှင့် ပြိုင်ဆိုင်ရောင်းချနိုင်စွမ်းနည်းပြီး ရေရှည်ရပ်တည်ရန် ခက်ခဲလာသည့်အတွက် နယ်စပ်ဒေသနှင့်ထိစပ်လျက်ရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် တရားမဝင်ကုန်သွယ်မှုတားဆီးရေးလုပ်ငန်းများကို ထိထိရောက် ရောက်တားဆီးဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း။

· လက်ရှိတွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရေပူအမြဲတမ်း​စစ်ဆေးရေးစခန်းနှင့် မြဝတီ-ရန်ကုန် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းတို့အား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှဦးစီး၍ ဆက်စပ်ဝန်ကြီးဌာန (OSS) ဌာနများဖြင့် တရားမဝင်သယ်ဆောင်မှုများကို တားဆီး စစ်ဆေးလျက်ရှိကြောင်း။

· မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ (မေလ)အထိ ခန့်မှန်း ၅ နှစ်တာကာလအတွင်းတွင် အမှုတွဲ (၄,၀၉၂)မှု၊ တန်ဖိုးကျပ်သန်းပေါင်း(၁၉,၂၀၆ ဒဿမ ၄၉၉)နှင့် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-  ၂၀၂၁ မေလအထိ အမှုတွဲ(၂,၇၄၉)မှု၊ တန်ဖိုးကျပ်သန်းပေါင်း (၂၇,၂၈၁ ဒဿမ ၇၈၉) ဖမ်းဆီးရမိခဲ့ကြောင်း။

· သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ယခင်ဖွဲ့စည်းထားသည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များမှလည်း ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှ   ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်း အမှုတွဲပေါင်း (၁၀,၁၉၃)မှု တန်ဖိုးကျပ်သန်းပေါင်း (၆၉,၆၆၃)ဖမ်းဆီးရမိခဲ့ကြောင်း။

· တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ ဖွဲ့စည်းပြီးနောက် ၂၀၂၁ ခုနှစ်၊  ဖေဖော်ဝါရီလမှ အောက်တိုဘာလအထိ ၉ လတာကာလအတွင်း အမှုတွဲ(၁,၅၁၆)မှု၊ တန်ဖိုးကျပ်သန်းပေါင်း( ၆,၀၆၇) ဖမ်းဆီးရမိခဲ့ကြောင်း။

· နိုင်ငံတော်အတွက်ရသင့်ရထိုက်သည့် အခွန်အခများရရှိ စေရန်နှင့် နစ်နာမှုမရှိစေရေး သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ရန် လိုအပ်ပြီး ဖမ်းဆီးရမိပစ္စည်းများအား ကြမ်းခင်းစျေးသတ်မှတ်ရာတွင် မြေပြင်၌ ဖြစ်ပေါ်နေသည့် စျေးနှုန်းနှင့်အနီးစပ်ဆုံးဖြစ်စေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

· ဖမ်းဆီးရမိပစ္စည်းများအား အပ်နှံရာတွင် နှောင့်နှေးကြန့်ကြာ မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများကို ပူးပေါင်းညှိနှိုင်းပြင်ဆင်နိုင်ရေး ဆောင်ရွက်ရန်၊ မြေပြင်တွင် တရားမဝင်ကုန်သွယ်မှု တားဆီး၊ ဖမ်းဆီးသည့်အဖွဲ့များအတွက် ဖမ်းဆီးရမိဆုကြေးငွေများအား အမြန်ဆုံးခွဲဝေထုတ်ပေးနိုင်ရေး သက်ဆိုင်ရာဌာနများမှ လိုအပ်သည့် လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

   ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး၊ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဆောင်ရွက်နေမှုများနှင့် ကာကွယ်တာဆီးနိုင်ရေးအတွက် အကြံပြုချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

   အစည်းအဝေးသို့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ ဝင်၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များတက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

  • တရားမဝင်ကုန်သွယ်မှုသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် အချက် များထဲမှ အဓိကအချက်(၁)ခုဖြစ်ပြီး တရားမဝင်ကုန်သွယ်မှုကဏ္ဍ အင်အားကြီးနေသမျှ တရားဝင်လုပ်ကိုင်သော လုပ်ငန်းများကို အဟန့်အတားဖြစ်။
  • မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ (မေလ)အထိ ခန့်မှန်း ၅ နှစ်တာ ကာလအတွင်းတွင်  အမှုတွဲ (၄,၀၉၂) မှု၊ တန်ဖိုးကျပ်သန်းပေါင်း (၁၉,၂၀၆ ဒဿမ ၄၉၉)နှင့် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ မေလအထိ အမှုတွဲ(၂,၇၄၉)မှု၊ တန်ဖိုးကျပ်သန်းပေါင်း (၂၇,၂၈၁ ဒဿမ ၇၈၉) ဖမ်းဆီးရမိခဲ့။
  • သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ယခင်ဖွဲ့စည်းထားသည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့များမှလည်း ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်း အမှုတွဲပေါင်း (၁၀,၁၉၃)မှု တန်ဖိုးကျပ်သန်းပေါင်း (၆၉,၆၆၃) ဖမ်းဆီးရမိခဲ့။
  • တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ ဖွဲ့စည်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ အောက် တိုဘာလအထိ ၉ လတာကာလအတွင်း အမှုတွဲ(၁,၅၁၆) မှု၊ တန်ဖိုးကျပ်သန်းပေါင်း(၆,၀၆၇) ဖမ်းဆီးရမိခဲ့။