နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် H. E. Shri Harsh Vardhan Shringle အား လက်ခံတွေ့ဆုံ

   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် H.E. Shri Harsh Vardhan Shringle အား ဒီဇင်ဘာလ ၂၃ ရက်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပြီး အမြင်ချင်းဖလှယ်ဆွေးနွေးကြရာ-

· မြန်မာ-အိန္ဒိယနှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်ခဲ့မှုအခြေအနေများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကြောင့် နှစ်နိုင်ငံကုန်သွယ်ရေးတိုးတက်ခဲ့မှု အခြေအနေများနှင့် ကုန် သွယ်မှုများဆောင်ရွက်ရာတွင် နှစ်နိုင်ငံတိုက်ရိုက်ကုန်သွယ် နိုင်ရေးဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ပင်လယ်ရေကြောင်းတိုက်ရိုက်ကုန်သွယ်ရေးဆိုင်ရာ ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ။

· မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများအတွက် လိုအပ်သည့်အခြေခံအဆောက်အဦများအား အိန္ဒိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံဆောင်ရွက်မည့်အခြေအနေများ၊ လေ့ကျင့်ရေးနှင့် ပညာသင်ကြားရေးအခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာရပ်ပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံမှ ကူညီဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ။

· ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အိန္ဒိယနိုင်ငံမှ ကာကွယ်ဆေးများရောင်းချပေးနေမှုနှင့် လှူဒါန်းပေးနေမှုအခြေအနေများ၊ ၂၀၂၀ ပြည့်နှစ်အထွေ ထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွားခဲ့မှုကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ တပ်မတော်မှ နိုင်ငံတော်တာဝန်အား ထမ်းဆောင်ခဲ့ရမှုအခြေအနေများ။

· အကြမ်းဖက်အဖွဲ့များမှ နိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်နေမှုအခြေအနေများနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ ပညာရေးနှင့်ကျန်းမာရေးဝန်ထမ်းများအား အကြမ်းဖက်မှု အပေါ် တုံ့ပြန်ရေးအခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေမှုအခြေအနေ များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့။

   တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် H. E. Shri Harsh Vardhan   Shringle တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန် အလှန်ပေးအပ်ခဲ့ကြပါသည်။

 အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြပြီး အိန္ဒိယ နိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Shri Saurabh Kumar ၊ အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

  • နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကြောင့် နှစ်နိုင်ငံကုန်သွယ်ရေးတိုးတက်ခဲ့မှု အခြေအနေများနှင့် ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် နှစ်နိုင်ငံ တိုက်ရိုက်ကုန်သွယ်နိုင်ရေးဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ပင်လယ်ရေကြောင်း တိုက်ရိုက်ကုန်သွယ်ရေးဆိုင်ရာ ဆောင်ရွက်နိုင်မည့်အခြေအနေများ။
  • အကြမ်းဖက်အဖွဲ့များမှ နိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်နေမှု အခြေအနေများနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ ပညာရေးနှင့်ကျန်းမာရေးဝန်ထမ်းများအား အကြမ်းဖက်မှု အပေါ် တုံ့ပြန်ရေးအခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေမှုအခြေအနေ များဆွေးနွေးခဲ့။