နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် CRPH၊ NUG နှင့် PDF အကြမ်းဖက်အဖွဲ့ဝင်များ မြို့/ရွာများတွင် လှုပ်ရှားသွားလာမှုမရှိစေရေး ဖော်ထုတ် ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် အေးချမ်းစွာနေထိုင်လိုသည့် တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၁၂)၊ အိမ်အမှတ်(၇၂)၌ ကျောက်ဆည် PDF အကြမ်းဖက်အဖွဲ့၏ ဘဏ္ဏာရေးနှင့် ညှိနှိုင်းရေးတာဝန်ခံ တင်မောင်ထွေး(ခ)ရန်အောင်ထွေး(၄၂)နှစ်အား လက်ကိုင်ဖုန်း ၈ လုံး၊ ငွေကျပ် ၉၀ သိန်း၊ ပြောက်ကျားဝတ်စုံတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။
တရားခံ တင်မောင်ထွေးနှင့် ဖမ်းဆီးရမိ တရားခံများ၏ ဆက်စပ်ဖော်ထုတ်ချက်များအရ-
- အောင်မြေသာစံမြို့နယ်၌ တရားခံ ၁ ဦး၊ ချမ်းအေးသာဇံမြို့နယ်၌ တရားခံ ၁ ဦး၊ ကျောက်ဆည်မြို့နယ်၌ တရားခံ ၃ ဦးအား လက်လုပ်ပစ္စတို ၅ လက်၊ လက်လုပ် ရှော့တိုက်ဗုံး ၄ လုံးနှင့် ပုသိမ်ကြီးမြို့နယ်၌ တရားခံ ၄ ဦးအား ယမ်းကြိုး ၃ ခွေ၊ ယမ်းပျော့ ၅၇၀ ချောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့။
- ကျောက်ဆည်မြို့နယ်၊ ဟန်မြင့်မိုရ်ကျေးရွာအနီး လှည်းလမ်းဘေးရှိ ချုံပုတ်အတွင်း၌ ဆာလာအိတ်များဖြင့် ထည့်သွင်းသိုဝှက်ထားသည့် KA-25 ၄ လက်၊ ကျည်အိမ် ၁၂ ခု၊ ၇.၆၂ ကျည် ၁,၀၀၀ တောင့်၊ လက်ပစ်ဗုံး ၃၄ လုံး၊ လွယ်ကြိုး ၂ ချောင်း၊ ယမ်းတောင့် ၁,၁၂၅ ချောင်း၊ ဒီတိုနေတာ ၄,၉၄၀ ချောင်းနှင့် TNT ယမ်းပြင်းမှုန့် ၁ အိတ်တို့အား သိမ်းဆည်းရမိခဲ့။
- ဖမ်းဆီးရန်ကျန် သူရ(နဂါးနီ)ဦးစီး ကျောက်ဆည် PDF အကြမ်းဖက်အဖွဲ့မှ စခန်းချနေထိုင်ခဲ့သော မြစ်သားမြို့နယ်၊ ဒရယ်ကောင်းကျေးရွာ ဝန်းကျင်တစ်ဝိုက်အား နယ်မြေရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားများမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး လူနေတဲများအတွင်းမှ လက်လုပ်မိုင်း ၃၀ လုံးနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့။
- ဖြစ်စဉ်တွင် တရားခံ ကျား ၇ ဦး၊ မ ၃ ဦးပေါင်း ၁၀ တို့အား KA-25 ၄ လက်၊ လက်လုပ်ပစ္စတို ၅ လက်၊ လက်လုပ်ရှော့တိုက်ဗုံး ၄ လုံး၊ ကျည်အိမ် ၁၂ ခု၊ ၇.၆၂ ကျည် ၁,၀၀၀ တောင့်၊ လက်ပစ်ဗုံး ၃၄ လုံး၊ လက်လုပ်မိုင်း ၃၄ လုံး၊ လွယ်ကြိုး ၂ ချောင်း၊ ယမ်းတောင့် ၁,၆၉၅ ချောင်း၊ ဒီတိုနေတာ ၄,၉၄၀ ချောင်း၊ ယမ်းကြိုး ၃ ခွေ၊ TNT ယမ်းပြင်းမှုန့် ၁ အိတ်၊ ငွေကျပ် ၉၀ သိန်း၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့။
ဖမ်းဆီးရမိ တရားခံများ၏ အကြမ်းဖက်မှုများ လှုပ်ရှားဆောင်ရွက်ခဲ့မှုများအနေဖြင့်-
- LPDF အကြမ်းဖက်အဖွဲ့အား ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် အောင်ကိုကို ဦးစီးစတင် ဖွဲ့စည်းခဲ့ပြီး အောက်တိုဘာလ၌ အောင်ကိုကို ဖမ်းဆီးခံရချိန်တွင် ဖမ်းဆီးရန်ကျန် ဖက်တီးမှ ဦးစီးဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် KDF အကြမ်း ဖက်အဖွဲ့ အမည်ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး တင်မောင်ထွေးသည် KDF အကြမ်းဖက်အဖွဲ့၏ ဘဏ္ဏာရေးနှင့် ညှိနှိုင်းရေးတာဝန်ခံအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ထုတ်သိရှိရ။
- တရားခံ တင်မောင်ထွေး၏ ထွက်ဆိုချက်အရ KDF အကြမ်းဖက်အဖွဲ့ဝင်များအား KIA နှင့် TNLA သောင်းကျန်းသူအဖွဲ့အစည်းများထံတွင် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းများ စေလွှတ်တက်ရောက်စေခဲ့ကြောင်း၊ သင်တန်းဆင်းအဖွဲ့များမှ စဉ့်ကိုင်မြို့နယ်၊ တဘက်ဆွဲကျေးရွာအနီးနှင့် သမန်းစာကျေးရွာ အနီးတို့တွင် ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချခဲ့ကြောင်း ဖော်ထုတ်သိရှိရ။
- တရားခံ တင်မောင်ထွေး၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ်၊ ဇွန်လမှစ၍ လူမှုကွန်ရက်မှတစ်ဆင့် ပြည်တွင်း/ ပြည်ပရှိအစွန်းရောက် NLD ထောက်ခံသူများထံမှ ငွေကြေးကောက်ခံခဲ့ကြောင်း၊ ၎င်းငွေများအား အကြမ်းဖက်သင်တန်း တက်ရောက်သူများအား ပေးအပ်ခြင်း၊ လက်နက်/ခဲယမ်းနှင့် ဖောက်ခွဲရေး ပစ္စည်းများ ဝယ်ယူခြင်းနှင့် ကိုယ်ရေးကိုယ်တာအတွက်သုံးစွဲခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ သိမ်းဆည်းခံရသောငွေကြေးများမှာ ထွက်ပြေးတိမ်းရှောင်စဉ် ကိုယ်ရေးကိုယ်တာ သုံးစွဲရန်အတွက် KDF အကြမ်းဖက်အဖွဲ့ဝင်များအား ပေးအပ်ခြင်းမပြုဘဲ ယူဆောင်လာခဲ့သော ကောက်ခံရရှိငွေများဖြစ်ကြောင်း ဖော်ထုတ်သိရှိရ။
- သိမ်းဆည်းရမိ လက်နက်/ ခဲယမ်းများအား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလခန့်တွင် ဖမ်းဆီးရန်ကျန် CRPH အကြမ်းဖက်အဖွဲ့မှ မြင်းခြံမြို့နယ်၊ NLD ပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း အောင်မျိုးလတ်၏ ချိတ်ဆက်ပေးမှုဖြင့် တင်မောင်ထွေး၊ မြင့်ဆွေနှင့် ဆံရှည်တို့ ၃ ဦးသည် ကျောက်မဲမြို့နယ်၊ နမ့်ခုန် ကျေးရွာရှိ မျိုးညွန့်ထံမှ သွားရောက်ယူဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဇင်မျိုးသူမှ လက်နက်/ခဲယမ်းများအားပို့ဆောင်ပေးခဲ့ပြီး ချစ်ပိုင်နှင့် အောင်သူတို့သည် ကျောက်ဆည်မြို့၊ ဟန်မြင့်မိုရ်ကျေးရွာအနီးတွင် သိမ်းဆည်းပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရ။
- ဖမ်းဆီးရမိ တရားခံ တင်မောင်ထွေးသည် သိမ်းဆည်းရမိ ဖောက်ခွဲရေးပစ္စည်းများအား ပုသိမ်ကြီးမြို့နယ်နေ ခင်မျိုးစိန်ထံမှ ကျော်သူလင်းအား ဝယ်ယူခိုင်းခဲ့ကြောင်းနှင့် ဖောက်ခွဲရေးပစ္စည်းများအား ကျော်ဆန်း၏နေအိမ်၌ ခေတ္တသိမ်းဆည်းကာ သိန်းလှိုင်ဝင်းအား ကျောက်ဆည်မြို့၊ ဟန်မြင့်မိုရ်ကျေးရွာနေ အောင်သူထံ ပို့ဆောင်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရ။
- ဖမ်းဆီးရမိ တရားခံ မေသန်းသည် ကျောက်ဆည်ခရိုင်အတွင်း နိုင်ငံတော်၏အုပ် ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်စေရန်အတွက် နိုင်ငံ့ဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်ရန် တင်မောင်ထွေးနှင့် တိုင်ပင်ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရ။
KDF အကြမ်းဖက်အဖွဲ့အနေဖြင့် ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများမှာ-
- ၂၀၂၁ခုနှစ်၊ မေလ ၂၃ ရက်တွင် အောင်ကိုကိုသည် စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့၊ ဝန်ထမ်းကွက်သစ်ရပ်ကွက်နေ အပြစ်မဲ့ပြည်သူတစ်ဦး၏နေအိမ်အား လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခဲ့။
- ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်တွင် အောင်ကိုကိုသည် စဉ့်ကိုင်မြို့နယ်၊ ရွာဘိုကျေးရွာ၊ ရွာလယ်ဘုန်းကြီးကျောင်းအား လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခဲ့။
- ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်တွင် အောင်ကိုကိုသည် စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့၊ ဝန်ထမ်းကွက်သစ်ရပ်ကွက်နေ အပြစ်မဲ့ပြည်သူတစ်ဦးအား လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့။
သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း သတင်းထုတ်ပြန်ထားရှိပါသည်။
- ကျောက်ဆည် PDF အကြမ်းဖက်အဖွဲ့ဝင်များနှင့် ဆက်စပ်တရားခံ ၁၀ ဦးအား လက်နက်/ခဲယမ်းများ၊ ငွေကျပ် ၉၀ သိန်း၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့။
- LPDF အကြမ်းဖက်အဖွဲ့အား ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် အောင်ကိုကို ဦးစီးစတင် ဖွဲ့စည်းခဲ့ပြီး အောက်တိုဘာလ၌ အောင်ကိုကို ဖမ်းဆီးခံရချိန်တွင် ဖမ်းဆီးရန်ကျန် ဖက်တီးမှ ဦးစီးဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် KDF အကြမ်းဖက်အဖွဲ့ အမည်ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး တင်မောင်ထွေးသည် KDF အကြမ်းဖက်အဖွဲ့၏ ဘဏ္ဏာရေးနှင့် ညှိနှိုင်းရေးတာဝန်ခံအဖြစ် ဆောင်ရွက်လျက်ရှိ။
- တရားခံ တင်မောင်ထွေးသည် ၂၀၂၁ ခုနှစ်၊ ဇွန်လမှစ၍ လူမှုကွန်ရက်မှတစ်ဆင့် ပြည်တွင်း/ ပြည်ပရှိ အစွန်းရောက် NLD ထောက်ခံသူများထံမှ ငွေကြေးကောက်ခံခဲ့ပြီး ၎င်းငွေများအား အကြမ်းဖက်သင်တန်းတက်ရောက်သူများအား ပေးအပ်ခြင်း၊ လက်နက်/ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်းများ ဝယ်ယူခြင်းနှင့် ကိုယ်ရေးကိုယ်တာအတွက်သုံးစွဲခြင်းများ ဆောင်ရွက်ခဲ့။
- သိမ်းဆည်းရမိ လက်နက်/ ခဲယမ်းများအား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလခန့်တွင် ဖမ်းဆီးရန်ကျန် CRPH အကြမ်းဖက်အဖွဲ့မှ မြင်းခြံမြို့နယ်၊ NLD ပါတီဝင် အမျိုး သားလွှတ်တော် ကိုယ်စားလှယ်ဟောင်း အောင်မျိုးလတ်၏ ချိတ်ဆက်ပေးမှုဖြင့် တင်မောင်ထွေး၊ မြင့်ဆွေနှင့် ဆံရှည်တို့ ၃ ဦးသည် ကျောက်မဲမြို့နယ်၊ နမ့်ခုန် ကျေးရွာရှိ မျိုးညွန့်ထံမှ သွားရောက်ယူဆောင်ခဲ့ခြင်းဖြစ်။
- ဖမ်းဆီးရမိတရားခံ မေသန်းသည် ကျောက်ဆည်ခရိုင်အတွင်း နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်စေရန်အတွက် နိုင်ငံ့ဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်ရန် တင်မောင်ထွေးနှင့် တိုင်ပင်ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရ။
- KDF အကြမ်းဖက်အဖွဲ့အနေဖြင့် လုပ်ကြံသတ်ဖြတ်မှု(၁)ကြိမ်နှင့် အကြမ်းဖက်ဖောက်ခွဲမှု (၂)ကြိမ်တို့အား ကျူးလွန်ခဲ့။
Add new comment