နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် ကျရောက်သည့် တောင်သူလယ် သမားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာပါကောက်နုတ်ချက်မှာ-
- မြန်မာနိုင်ငံသားအများစုသည် တောင်သူလယ်သမားများ သို့မဟုတ် လယ်ယာ စီးပွားရေးကို အမှီပြု၍ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေကြသူများဖြစ်ကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသတွင်နေထိုင်ပြီး လယ်ယာလုပ်ငန်းဖြင့် အသက်မွေးကြသူများဖြစ်သည့်အတွက် မြန်မာနိုင်ငံအတွက် အဓိကအရေးပါသူများဖြစ်ကြောင်း။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံသာယာဝပြောမှုရှိစေရန်၊ စားရေ ရိက္ခာပေါများပြီး နိုင်ငံသူ၊ နိုင်ငံသားများအားလုံး စားနပ်ရိက္ခာနှင့် အာဟာရပြည့်ဝ စွာရရှိစေရန် ဦးစားပေးလုပ်ဆောင်လျက်ရှိကြောင်း။
- ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်တွင်း၊ ပြည်ပကုန်သွယ်မှု ကန့်သတ်ချက်များ ရှိနေသည့်ကြားမှ ပြည်ပတင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်မှ အမေရိကန် ဒေါ်လာ ၃,၆၅၀ ဒသမ ၂၈ သန်း၊ တိရစ္ဆာန်ထွက်ပစ္စည်းမှ အမေရိကန် ဒေါ်လာ ၅ ဒသမ ၅၁ သန်းနှင့် ရေထွက်ပစ္စည်းမှ အမေရိကန်ဒေါ်လာ ၇၀၅ ဒသမ ၆၃ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄,၃၆၁ ဒသမ ၄၂ သန်းကို တင်ပို့နိုင်ခဲ့ကြောင်း။
- စိုက်ပျိုးမွေးမြူထုတ်လုပ်သူ တောင်သူလယ်သမားများနှင့်တကွ ထုတ်လုပ်မှုကွင်း ဆက်တစ်လျှောက် ပါဝင်သူများအားလုံးအနေဖြင့် ယခုကဲ့သို့ ကိုဗစ်-၁၉ ကူးစက် ရောဂါ ပြန့်ပွားနေသည့်ကာလအတွင်းမှာပင် ထုတ်လုပ်မှုများမလျော့ကျစေရန်၊ ပြည်သူများ စားနပ်ရိက္ခာဖူလုံစေရန်နှင့် ပြည်ပပို့ကုန်မကျဆင်း စေရန် အခက်အခဲများကြားမှ အချိတ်အဆက်မိမိ အားထုတ်ကြိုးပမ်းခဲ့မှုများအားလုံးနှင့် အထူးသဖြင့် စီးပွားရေးလုပ်ငန်းရှင်စိတ်ဓာတ်အပြည့်အဝဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိကြသော တောင်သူလယ်သမားကြီးများကို အလေးအနက်ဂုဏ်ပြုကြောင်း။
- စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ သယ်ယူပို့ဆောင်မှု လွယ်ကူလျင်မြန်စေရန် ကျေးလက်ကုန်ထုတ်လမ်း စုစုပေါင်း (၁၁၈၆/၀.၂) မိုင်၊ ကုန်ထုတ်တံတား(၁၇၂၀)ခု ဆောင်ရွက်နိုင်ခဲ့ပြီး ကျေးရွာပေါင်း (၁၄၆၉)နှင့် စိုက်ပျိုးမွေးမြူရေးဧက (၇.၈၆)သိန်း ကို အကျိုးပြုစေခဲ့ကြောင်း။
- ကျေးလက်ဒေသမီးလင်းရေးအတွက် ကျေးရွာပေါင်း (၁၀၁) ရွာ၊ အိမ်ခြေ(၁၀၂၇၈) အား ဆိုလာစနစ်ဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ သောက်သုံးရေ လုံလောက်စွာရရှိရေးအတွက် စက်ရေတွင်း၊ လက်တူးတွင်း၊ မြေသားရေကန်၊ စိမ့်စမ်းရေသွယ်၊ မိုးရေလှောင်ကန် စသည့် ရေရရှိရေး လုပ်ငန်းပေါင်း (၅၂၆၈) ခုကို အိမ်ခြေ ၇ ဒသမ ၂ သိန်း၊ လူဦးရေ ၃ ဒသမ ၅ သန်း အတွက် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။
- ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် တောင်သူလယ်သမားများ၏ သီးနှံများထိခိုက် ပျက်စီးမှုများအား ထိန်းသိမ်းကာကွယ်နိုင်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးလုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း။
- ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်အရ သဘာဝဘေးအန္တရာယ်များကြုံတွေ့ပါက စားနပ်ရိက္ခာမလုံလောက်မှုအန္တရာယ်မှ ကျော်လွှားနိုင်ရေးနှင့် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းအား ကောင်းရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့များပူးပေါင်း၍ အရန်မျိုးစေ့များ စုဆောင်းထားရှိခြင်း၊ ရန်ပုံငွေများလျာထားသတ်မှတ်ခြင်း၊ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ခြင်း၊ သီးနှံပျက်စီးဧရိယာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို အသင့်ဖြစ်စေရန် ဆောင်ရွက်လျက်ရှိကြောင်း။
- တောင်သူလယ်သမားများ၏ အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ ၂၀၁၉ ခုနှစ်မှစ၍ နှစ်စဉ်အခြေခံ ရည်ညွှန်းစပါးဈေးနှုန်း သတ်မှတ်ပေးခြင်း၊ လယ်ယာသုံးစက်ကိရိယာများအား တောင်သူများ သင့်လျော်သည့် ဈေးနှုန်းဖြင့် အရစ်ကျဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ သီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း။
- ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်များတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ဘေးအန္တရာယ်ကင်းရှင်းသော စားနပ်ရိက္ခာများ ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Agricultural Practices- GAP)၊ ကောင်းမွန်သောတိရစ္ဆာန်မွေးမြူရေးကျင့်စဉ် (Good Animal Husbandry Practices-GAHP)၊ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ်(Good Aquaculture Practices- GAqP)တို့နှင့်အညီ စိုက်ပျိုးမွေးမြူထုတ်လုပ်နိုင်ရန်အတွက် တောင်သူလယ်သမားများသို့ ပညာပေးလျက်ရှိကြောင်း။
- မြေသယံဇာတ၊ ရေသယံဇာတပေါကြွယ်ဝသည့် မြန်မာနိုင်ငံတွင် တောင်သူလယ်သမားများအနေဖြင့် ရင်းနှီးမြှုပ်နှံမှု၊ စက်ကိရိယာနှင့် နည်းပညာများအား မိမိ၏ အတွေ့အကြုံ၊ လုံ့လဝီရိယဖြင့် ပေါင်းစပ်ဆောင်ရွက်ပါက လူမှုစီးပွားဘဝ ဧကန်မလွဲတိုးတက်လာမည်ဖြစ်ရာ “ဆင်းရဲလို့ လယ်လုပ်” ဆိုသည့် ဆိုစကားကို ပယ်ဖျက်နိုင်မည်ဖြစ်ကြောင်း။
လယ်ယာစီးပွားလုပ်ငန်းရှင်တောင်သူလယ်သမားတို့၏ ပေါင်းစည်းအင်အားဖြင့်၊ လယ်ယာကဏ္ဍအပါအဝင် နိုင်ငံတော်၏ အမျိုးသားရေးအကျိုးစီးပွား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်နိုင်ရန်အတွက် တွေ့ကြုံရမည့် စိန်ခေါ်မှုများ၊ အတားအဆီးများနှင့် အခက်အခဲမှန်သမျှတို့ကို ပူးပေါင်းရင်ဆိုင် ဖြေရှင်းလျက် သာယာဝပြောသည့် ဒီမိုကရေစီနိုင်ငံတော်တည်ထောင်ရေးကို တက်ညီလက်ညီ အားလုံးလက်တွဲကြိုးပမ်းကြပါစို့ဟု အလေးအနက် တိုက်တွန်းခဲ့ပါသည်။
- မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသတွင် နေထိုင်ပြီး လယ်ယာလုပ်ငန်းဖြင့် အသက်မွေးကြသူများဖြစ်သည့်အတွက် မြန်မာနိုင်ငံအတွက် အဓိကအရေးပါသူများဖြစ်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံသာယာဝပြောမှုရှိစေရန်၊ စားရေ ရိက္ခာပေါများပြီး နိုင်ငံသူ၊ နိုင်ငံသားများအားလုံး စားနပ်ရိက္ခာနှင့် အာဟာရပြည့်ဝ စွာရရှိစေရန် ဦးစားပေးလုပ်ဆောင်လျက်ရှိ။
- တောင်သူလယ်သမားများ၏ အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင် ရေးဥပဒေအရ ၂၀၁၉ ခုနှစ်မှစ၍ နှစ်စဉ်အခြေခံ ရည်ညွှန်းစပါးဈေးနှုန်း သတ်မှတ်ပေးခြင်း၊ လယ်ယာသုံးစက်ကိရိယာများအား တောင်သူများသင့်လျော်သည့် ဈေးနှုန်းဖြင့် အရစ်ကျဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ သီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိ။
- မြေသယံဇာတ၊ ရေသယံဇာတပေါကြွယ်ဝသည့် မြန်မာနိုင်ငံတွင် တောင်သူလယ်သမားများအနေဖြင့် ရင်းနှီးမြှုပ်နှံမှု၊ စက်ကိရိယာနှင့် နည်းပညာများအား မိမိ၏အတွေ့အကြုံ၊ လုံ့လဝီရိယဖြင့် ပေါင်းစပ်ဆောင်ရွက်ပါက လူမှုစီးပွားဘဝ ဧကန်မလွဲတိုးတက်လာမည်ဖြစ်ရာ “ဆင်းရဲလို့လယ်လုပ်”ဆိုသည့် ဆိုစကားကို ပယ်ဖျက်နိုင်မည်ဖြစ်။
- လယ်ယာစီးပွားလုပ်ငန်းရှင်တောင်သူလယ်သမားတို့၏ ပေါင်းစည်းအင်အားဖြင့်၊ လယ်ယာကဏ္ဍအပါအဝင် နိုင်ငံတော်၏ အမျိုးသားရေးအကျိုးစီးပွား ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်နိုင်ရန်အတွက် တွေ့ကြုံရမည့် စိန်ခေါ်မှုများ၊ အတားအဆီးများနှင့် အခက်အခဲမှန်သမျှ တို့ကို ပူးပေါင်းရင်ဆိုင် ဖြေရှင်းလျက် သာယာဝပြောသည့် ဒီမိုကရေစီနိုင်ငံတော်တည်ထောင်ရေးကို တက်ညီလက်ညီ အားလုံးလက်တွဲကြိုးပမ်းကြပါစို့ဟု အလေးအနက်တိုက်တွန်းခဲ့။
Add new comment