PDF အကြမ်းဖက်သမားများက ကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏အမျိုးသားအား သတ်ဖြတ်ကာ လစာငွေများအား လုယက်ယူဆောင်

ဖေဖော်ဝါရီလ ၂၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာ လှည်းလမ်းပေါ်၌ PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာမှ ဆပ်ပြာကျင်းကျေးရွာနေ ဦးရဲမင်းခေါင်(၄၁)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ ဆပ်ပြာကျင်းအခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်ဌေးငွေ(၄၈)နှစ်တို့ ၂ ဦးသည် ဆပ်ပြာကျင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ ဆရာ၊ ဆရာမများ၏ လစာငွေများထုတ်ယူပြီး ဆိုင်ကယ်ဖြင့်ပြန်လာစဉ် PDF အကြမ်း ဖက်သမားများက ဆရာမ ကြီးအား “CDM မလုပ်သည့်အတွက်ကြောင့်”ဟု ခြိမ်းခြောက်ပြောဆိုကာ သေနတ်များ ဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏အမျိုးသားတို့မှာ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပါသည်။ ထို့နောက် အကြမ်းဖက်သမားများက ၎င်းတို့ ၂ ဦးထံမှ ဆရာ၊ ဆရာမများ၏ လစာငွေ ၇၉၉,၅၀၀ ကျပ်နှင့် ငွေစု ငွေချေးငွေ သိန်း ၂၀ ကျပ်တို့အား ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။

 PDF အကြမ်းဖက်သမားများသည် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အနိုင်အထက်ပြုကျင့်ကာ အတင်းအကြပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်းမရှိသူ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူအချို့အား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟု အကြောင်းအမျိုးမျိုးပြစွပ်စွဲကာ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ် လျက်ရှိရာမှ ယခုကဲ့သို့ လူသတ်ပြီး ငွေကြေးနှင့် ပစ္စည်းများလုယူထွက်ပြေးသည်အထိ ဆိုးရွားသည့် ရာဇဝတ်မှုကြီးကိုပါ ထပ်ဆင့်လုပ်ဆောင်လာသည့်အတွက်  ပြည်သူများအနေဖြင့် အကြမ်းဖက်သမားများအပေါ် မုန်းတီးရွံရှာစက်ဆုပ်လျက်ရှိပြီး ၎င်းတို့အား နိုင်ငံတကာမှဝိုင်းဝန်းဆန့်ကျင်ရန် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများက လိုလားလျက်ရှိပါသည်။ 

ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • မြင်းမူမြို့နယ်၌ PDF အကြမ်းဖက်သမားများက ဆပ်ပြာကျင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏အမျိုးသားတို့အား သတ်ဖြတ်ကာ ဆရာ၊ ဆရာမများ၏ လစာငွေများအား လုယက်ယူဆောင်သွားခဲ့
  • PDF အကြမ်းဖက်သမားများသည် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အနိုင်အထက်ပြုကျင့်ကာ အတင်းအကြပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်းမရှိသူ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူအချို့အား “သူလျှို၊ ဒလန်၊ သတင်း ပေး” ဟု အကြောင်းအမျိုးမျိုးပြ စွပ်စွဲကာ ဖမ်းဆီး သတ်ဖြတ်ခြင်းများ ပြုလုပ်လျက် ရှိရာမှ ယခုကဲ့သို့ လူသတ်ပြီး ငွေကြေးနှင့် ပစ္စည်းများလုယူထွက်ပြေးသည်အထိ ဆိုးရွားသည့် ရာဇဝတ်မှုကြီးကိုပါ ထပ်ဆင့်လုပ်ဆောင်လျက်ရှိ။

Add new comment