ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သော Quarantine Center များအား ဆက်လက်ဖွင့်လှစ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးခြင်းတို့အား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်-
- ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မတ်လ ၁ ရက်အထိ လူဦးရေစုစုပေါင်း ၂၃ ဒသမ ၆၃ သန်းအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ ၂၀ ဒသမ ၉၉ သန်းနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၂ ဒသမ ၆၄ သန်းရှိကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေစုစုပေါင်း ၄၅ ဒသမ ၄၁ သန်းထိုးနှံပြီးဖြစ်။
- ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ မတ်လ ၁ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster စုစုပေါင်းထိုးနှံပြီးစီးသူ ၇၇၈,၆၁၆ ဦးရှိ။
- ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးဆောင်ရွက်ရာတွင် ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာညွှန်ကြားချက်အား Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel Issue-2 အဖြစ် သက်ရောက်မှုကာလကို ၃၁-၃-၂၀၂၂ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့။
- ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ထုတ်ပြန်ထားသော ပြည်သူသို့ပန်ကြားချက်အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးထားသည့်ကိစ္စရပ်များမပါ) အား ၃၁-၃-၂၀၂၂ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့။
- ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြည်ပမှဝင်ရောက်လာနိုင်မှုနှင့် ကူးစက်ပြန့်ပွားမှုအန္တရာယ်မှ မြန်မာပြည်သူများအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးအတွက် ထိရောက်သည့် အစီအမံများကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် ရှေးရှုလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာအစီအမံအားလုံး၏ သက်ရောက်ကာလကို ၃၁-၃-၂၀၂၂ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့။
- ၁-၃-၂၀၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန် ကြီးများက ရန်ကုန်မြို့ရှိ ကိုဗစ်-၁၉ ကုသရေးစင်တာ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုများ၊ အောက်ဆီဂျင်ပိုက်လိုင်း သွယ်တန်းတပ်ဆင်ပြီးစီးမှုများနှင့် Oxygen Concentrator များအရန်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ-
- ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ နယ်စပ်ဂိတ်တို့မှတစ်ဆင့် ပြန်လည်လက်ခံခဲ့ရာ ၂၅-၇-၂၀၂၁ ရက်မှ ၁-၃-၂၀၂၂ ရက်အထိ ၆၈,၁၉၉ ဦးပြန်လည်ဝင်ရောက်လာခဲ့။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ မတ်လ ၁ ရက်တွင် ဓာတ်ခွဲနမူနာစုစုပေါင်း ၂၂,၇၃၂ ခုအားစစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂,၃၄၆ ဦးဖြင့် ရောဂါပိုး တွေ့ရှိမှု ၁၀.၃၂ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၁-၃-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၇,၁၄၃,၅၆၂ ခုအားစစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၉၀,၂၃၇ ဦးနှင့် သေဆုံး သူစုစုပေါင်း ၁၉,၃၇၂ ဦးရှိကြောင်း သိရှိရပါသည်။
- ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မတ်လ ၁ ရက်အထိ လူဦးရေစုစုပေါင်း ၂၃ ဒသမ ၆၃ သန်းအား ထိုးနှံပေး ပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ ၂၀ ဒသမ ၉၉ သန်းနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ ၂ ဒသမ ၆၄ သန်းရှိကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေစုစုပေါင်း ၄၅ ဒသမ ၄၁ သန်းထိုးနှံပြီးဖြစ်။
- ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ မတ်လ ၁ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster စုစုပေါင်းထိုးနှံပြီးစီးသူ ၇၇၈,၆၁၆ ဦးရှိ။
- ၁-၃-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၇,၁၄၃,၅၆၂ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၉၀,၂၃၇ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၃၇၂ ဦး ဖြစ်ပြီး ၁-၃-၂၀၂၂ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၁၀.၃၂ ရာခိုင်နှုန်းရှိ။
Add new comment