၂၀၂၂ ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပခဲ့မှုနှင့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားကျင်းပခဲ့မှုတို့နှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်သည့် ညှိနှိုင်းအစည်းအဝေးများကို မတ်လ ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပခဲ့မှုနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်သည့် ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက-
- အခမ်းအနားများကို အောင်မြင်စွာဆောင်ရွက်ကြရာတွင် အားသာချက်နှင့် အားနည်းချက်များရှိရာ အားသာချက်များကို သင်ခန်းစာယူ၍ အလားတူ အခမ်းအနားများကျင်းပရာတွင် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
- သက်ဆိုင်ရာဆပ်ကော်မတီများအလိုက် တွေ့ကြုံခဲ့ကြရသည့် အခက်အခဲများနှင့် နောင်ကျင်းပမည့် အခမ်းအနားများအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရန် ရှိသည်များကို သိရှိနိုင်ရန် ယခုကဲ့သို့သော ပြန်လည်သုံးသပ်သည့် ညှိနှိုင်းအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း။
- ၂၀၂၃ ခုနှစ်တွင် (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ကျရောက်မည်ဖြစ်ရာ ယခုနှစ်တွေ့ကြုံခဲ့ကြရသည့် အားသာချက်နှင့်အားနည်းချက်များကို အခြေခံလေ့လာ၍ ခမ်းနားစွာကျင်းပနိုင်ရန် ကြိုတင်စီမံပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
(၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားကျင်းပခဲ့မှုနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်သည့် ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက-
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသည် စိန်ရတုအခမ်းအနားဖြစ်သည့်အတွက် နိုင်ငံတော်အဆင့်အဖြစ် ထူးခြားလေးနက်စွာ ကျင်းပနိုင်ရန် တာဝန်ပေးအပ်ခဲ့ရာ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ချိန်ကာလသည် တိုတောင်းခဲ့သော်လည်း ခမ်းနားအောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း။
- ၂၀၁၆ ခုနှစ်ကတည်းက ရန်ကုန်မြို့တော်ခန်းမ၌ရပ်နားထားသည့် ပြည်ထောင်စုအလံကို နေပြည်တော်မြို့တော်ခန်းမသို့အောင်မြင်စွာ သယ်ယူနိုင်ခဲ့ခြင်းသည် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအစိုးရအဖွဲ့များ၊ နိုင်ငံဝန်ထမ်းများနှင့် ပြည်သူများပူးပေါင်းဆောင်ရွက်ခြင်းနှင့် စည်းလုံးညီညွတ်ခြင်း၏ ရလဒ် သက်သေတစ်ခုပင်ဖြစ်ပြီး ကောင်းမွန်သည့် အစဉ်အလာတစ်ရပ်ဖြစ်ကြောင်း။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင်ရောက်ရှိမည့် လွတ်လပ်ရေးနေ့သည် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်သည့်အတွက် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရန် တာဝန်ပေးအပ်ခဲ့ပြီးဖြစ်ရာ ပိုမိုကြီးကျယ်ခမ်းနားသည့် စစ်ရေး ပြမှုများ၊ ပြကွင်းပြကွက်များ၊ ခင်းကျင်းပြသမှုများဖြင့် ကျင်းပနိုင်ရန် ကဏ္ဍအလိုက် အားသာချက် အားနည်းချက်များကို ပွင့်လင်းစွာဆွေးနွေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပခဲ့မှုနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်သည့် ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးမောင်မောင်အုန်းနှင့် ဦးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး တာဝန်ရှိ ဖိတ်ကြားထားသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်လည်းကောင်း၊ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားကျင်းပခဲ့မှုနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်သည့် ညှိနှိုင်းအစည်းအဝေးသို့ ဗဟိုကော်မတီ ပြည်ထောင်စုဝန်ကြီးများ၊ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဆပ်ကော်မတီ ဥက္ကဋ္ဌ များဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကျန်ဆပ်ကော်မတီဥက္ကဌများနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန့်ဖရင့်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြပါသည်။
- ၂၀၂၂ ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပခဲ့မှုနှင့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားကျင်းပခဲ့မှုတို့နှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်သည့် ညှိနှိုင်းအစည်းအဝေးများကို မတ်လ ၂ ရက်တွင် ကျင်းပခဲ့။
- အခမ်းအနားများကို အောင်မြင်စွာဆောင်ရွက်ကြရာတွင် အားသာချက်နှင့် အားနည်းချက်များရှိရာ အားသာချက်များကို သင်ခန်းစာယူ၍ အလားတူအခမ်းအနားများကျင်းပရာတွင် ပိုမိုကောင်းမွန်းအောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင်ရောက်ရှိမည့် လွတ်လပ်ရေးနေ့သည် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်သည့်အတွက် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရန် တာဝန်ပေးအပ်ခဲ့ပြီးဖြစ်ရာ ယခုနှစ် တွေ့ကြုံခဲ့ကြရသည့် အားသာချက်နှင့် အားနည်းချက်များကို အခြေခံလေ့လာ၍ ခမ်းနားစွာကျင်းပနိုင်ရန် ကြိုတင်စီမံပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်။
Add new comment