ကျွန်းလှမြို့နယ်၊ ကန်စွန်းအင်းကျေးရွာအတွင်း အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ရန် ရောက်ရှိနေသော KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား ဝင်ရောက်ဖမ်းဆီး

   ဒီဇင်ဘာလ ၂၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ကန်စွန်းအင်းကျေးရွာအတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ စုဝေးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်ဖမ်းဆီးခဲ့ရာ လုံခြုံရေးတပ် ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ အပြန်အလှန်ပစ်ခတ်တိုက် ခိုက်မှုများ ဖြစ်ပွားခဲ့ပါသည်။

   အကြမ်းဖက်သမားများသည် ကျေးရွာ၏အရှေ့မြောက် ဘက်သို့ ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး အကြမ်းဖက်သမား အလောင်း ၂ လောင်း၊ M-22 သေနတ် ၁ လက်၊ KO-11 သေနတ် ၁ လက်၊ တစ်တောင့်ထိုးသေနတ် ၅ လက်၊ လက်ပစ်ဗုံး ၅ လုံး၊ ကျည်အိမ်မျိုးစုံ ၁၀ ခု၊ ကျည်မျိုးစုံ ၆၈၅ တောင့်နှင့် လမ်းလျှောက်စကားပြောစက် ၃ လုံး တို့အား သိမ်းဆည်းရမိခဲ့ပါသည်။

   CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန်အတွက် မိုင်း ထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများနှင့် ဆရာတော် သံဃာတော်များပါမကျန် လုပ်ကြံသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည့်အပြင် အချို့ကျေးရွာများအတွင်း ဝင်ရောက် ၍ အကြမ်းဖက်အဖျက်အမှောက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာ အများပြည်သူ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ လိုအပ်သည့်လုံခြုံ‌ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။

   အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအချို့တွင်း ဝင်ရောက်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ဒေသခံပြည်သူများ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေး   အတွက် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ၏ ဝင်ထွက်သွားလာမှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး၍ နယ်မြေတည်ငြိမ်အေးချမ်းရေး   အတွက် ပူးပေါင်းပါဝင်ကြရန် သတင်းထုတ်ပြန်ထားရှိပါသည်။

  • ကျွန်းလှမြို့နယ်၊ ကန်စွန်းအင်းကျေးရွာအတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ စုဝေးရောက်ရှိနေကြောင်းသိရှိရသဖြင့် လိုအပ်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက် ဖမ်းဆီးခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့။
  • ဖြစ်စဉ်တွင် အကြမ်းဖက်သမားအလောင်း ၂ လောင်းအား M-22 သေနတ် ၁ လက်၊ KO-11 သေနတ် ၁ လက်၊ တစ် တောင့်ထိုးသေနတ် ၅ လက်၊ လက်ပစ်ဗုံး ၅ လုံး၊ ကျည်အိမ်မျိုးစုံ ၁၀ ခု၊ ကျည်မျိုးစုံ ၆၈၅ တောင့်နှင့် လမ်းလျှောက် စကားပြောစက် ၃ လုံးတို့နှင့်အတူ သိမ်းဆည်းရမိခဲ့။