ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ယာယီကန့်သတ်ခြင်း ဆိုင်ရာညွှန်ကြားချက်များအား ထပ်မံတိုးမြှင့်

ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာညွှန်ကြားချက်အား Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel Issue-2 အဖြစ် သက်ရောက်မှုကာလကို (၃၁-၃-၂၀၂၂) ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့ပါသည်။

ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ထုတ်ပြန်ထားသော ပြည်သူသို့ပန်ကြားချက်အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေး ထားသည့်ကိစ္စရပ်များမပါ) အား ၃၁-၃-၂၀၂၂ ရက်အထိ ထပ်မံ တိုးမြှင့်သတ်မှတ်ခဲ့ပါသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၈ ရက်တွင် ဓာတ်ခွဲနမူနာ   စုစုပေါင်း ၂၀,၃၅၈ ခုအားစစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁,၆၉၃ ဦးဖြင့် ရောဂါပိုးတွေ့ရှိမှု ၈.၃၂ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၂၈-၂-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၇,၁၂၀,၈၃၀ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၈၇,၈၉၁ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၃၆၈ ဦးရှိကြောင်း သိရှိရပါသည်။

  • ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာညွှန်ကြားချက်အား သက်ရောက်မှုကာလအဖြစ် ၃၁-၃-၂၀၂၂ ရက်အထိ ထပ်မံတိုးမြှင့်ခဲ့။
  • ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ထုတ်ပြန်ထားသော ပြည်သူသို့ပန်ကြားချက်အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးထားသည့်ကိစ္စရပ်များမပါ) အား သက်ရောက်မှု ကာလအဖြစ် ၃၁-၃-၂၀၂၂ ရက်အထိ ထပ်မံတိုးမြှင့်ခဲ့။

Add new comment