တောင်ဥက္ကလာပမြို့မရဲစခန်းအား ၄ဝ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား လက်နက်ခဲယမ်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

  ဒီဇင်ဘာလ ၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့မရဲစခန်းအနီးသို့ အကြမ်းဖက်သူများက ယာဉ်အမှတ်(စိစစ်ဆဲ) Light Truck ယာဉ်ဖြင့် ရောက်ရှိလာကာ သစ္စာလမ်းဘက်မှနေ၍ ၄၀ မမဗုံးပစ် လောင်ချာဖြင့် ၂ ချက် ချောင်းမြောင်းပစ်ခတ်ခဲ့သဖြင့် ဗုံးသီးတစ်လုံးမှာ ရဲစခန်း နှင့် ပေ ၄၀ ခန့်အကွာ သစ္စာလမ်းဘက်ရှိ မိသားစုနေအိမ်လိုင်း ခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့သည်။ အဆိုပါပေါက်ကွဲမှုကြောင့် အပြစ်မဲ့အသက် ၇ နှစ်အရွယ် ယောက်ျားလေး ၁ ဦး၊ အသက် ၂ နှစ်အရွယ် မိန်းကလေး ၁ ဦးနှင့် အသက် ၁ နှစ်ခွဲအရွယ် မိန်းကလေး ၁ ဦး၊ အမျိုးသမီးရဲတပ်ဖွဲ့ဝင် ၁ ဦး အပါ အဝင် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၅ ဦးတို့တွင် ဗုံးစထိမှန်ဒဏ် ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနိုင်ရေးပို့ဆောင်စဉ် အသက် ၇ နှစ်အရွယ် ယောက်ျားလေး ၁ ဦးမှာ ရရှိဒဏ်ရာများဖြင့် သေ ဆုံးသွားခဲ့သဖြင့် တောင်ဥက္ကလာပမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ကာ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင် ရေးဆောင်ရွက်ခဲ့ပါသည်။

  လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်မှုကျူးလွန်သူများ အသုံးပြုခဲ့သည့် မော်တော်ယာဉ်အားစုံစမ်းခဲ့ရာ အဆိုပါယာဉ်အား ရဲစခန်းပစ်ခတ်တိုက်ခိုက်သည့်နေ့တွင် မောင်း နှင်အသုံးပြုခဲ့သူများဖြစ်သည့် မျိုးမြင့်မြတ်အောင်(ခ)မျိုးကြီး(၂၁)နှစ်နှင့် ဝေယံထက်(ခ)နိုင်ကြီး(၂၀)နှစ်တို့ ၂ ဦးအား ဒီဇင်ဘာလ ၁၆ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မဟာလမ်းပေါ်၌ ဖြစ်စဉ်ပါယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံ ၂ ဦး၏ ထွက်ဆိုချက်များနှင့် စစ်ဆေးဖော်ထုတ်ချက်များအရ-

· ရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ရာတွင် ၎င်းတို့ကိုယ်တိုင်ပါ ဝင်ကျူးလွန်ခဲ့ပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ဖမ်း ဆီးရန်ကျန် တရားခံ ဝင်းဇော်မိုး(ခ)မိုးဟိန်း (ခ)Brain  Wave ၏ နေအိမ်၌ တိုက်ခိုက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လက်နက်/ခဲယမ်းများ သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ ဝင်းဇော်မိုး(ခ)မိုးဟိန်း (ခ)Brain Wave သည် ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ၎င်း၏မိဘများဖြစ်သည့် သူရ(ခ)ကျော်မင်းမင်းကို(၄၇)နှစ် နှင့် မိုးမိုးခိုင်(ခ) မြဝင်းကြည် (၅၁) နှစ်တို့ ၂ ဦးအား MK-12 သေနတ် ၂ လက်၊ ၎င်းကျည် ၁၁၀ တောင့်၊ SIG SAUER ပစ္စတို ၁ လက်၊ 9MM LUGER ကျည် ၂၅၅ တောင့်၊ ၄၀ မမ ဗုံးသီး ၅ လုံး၊ ကျည်အိမ်မျိုးစုံ ၆ ခု၊ ဒူးကာ ၃ စုံ၊ ဖောက်ခွဲရေးတွင် တွဲဖက်အသုံးပြုသည့် Keypad ဖုန်းမျိုးစုံ ၂၀ လုံး၊ ဓာတ်ခဲမျိုးစုံ ၃၀ လုံး၊ လက်လုပ်ဗုံးဆင်သည့် ဆားကစ်(စ်)ပြား ၅၀ ခု၊ 3D GUN Printer  ၁ လုံးနှင့် 3D GUN  Printer ဆေးကြိုးခွေ ၁၀ ခွေ၊ Laptop ၁ လုံး၊ မှန်ပြောင်း ၁ လက်၊ မော်တာ ၁ လုံး၊ ငွေသိန်း ၁၀၀ ကျပ်၊ ဓာတ်ငွေ့ကာ ၁ ခု တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့။

· ရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ရာတွင်ပါဝင်ခဲ့သူ မြောက်ဥက္ကလာပမြို့နယ်၊ ၆ ရပ်ကွက်နေ ဆက်စပ်တရားခံ မိုးကျော်သူ(ခ)အာကြီး (ခ) Rock Gyi (၂၆) နှစ်နှင့် အဆိုပါရပ်ကွက်၊ ခရေလမ်းနေ ကျော်မိုးလွင်(ခ) ကျော်ကြီး (၂၆) နှစ် တို့ ၂ ဦးအား ပိတောက်လမ်းပေါ်၌ ထပ်မံဖမ်းဆီးရမိခဲ့။

· ဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံ ကျား ၅ ဦး၊ မ ၁ ဦး၊ ပေါင်း ၆ ဦးတို့အား MK-12 သေနတ် ၂ လက်၊ ၎င်းကျည် ၁၁၀ တောင့်၊ SIG SAUER ပစ္စတို ၁ လက်၊ 9MM LUGER ကျည် ၂၅၅ တောင့်၊ ၄၀ မမ ဗုံးသီး ၅ လုံး၊ ကျည်အိမ်မျိုးစုံ ၆ ခု၊ ဒူးကာ ၃ စုံ၊ ဖောက်ခွဲရေးတွင် တွဲဖက်အသုံးပြုသည့် Keypad ဖုန်းမျိုးစုံ ၂၀ လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ ဆားကစ်(စ်) ပြား ၅၀ ခု၊ 3D GUN Printer ၁ လုံးနှင့် 3D GUN Printer ဆေးကြိုးခွေ ၁၀ ခွေ၊ Laptop ၁ လုံး၊ မှန်ပြောင်း ၁ လက်၊ မော်တာ ၁ လုံး၊ ငွေသိန်း ၁၀၀ ကျပ်၊ ဓာတ်ငွေ့ကာ ၁ ခု၊ မော်တော်ယာဉ် ၁ စီးတို့နှင့် အတူ ဖမ်းဆီးရမိခဲ့။

· ဖမ်းဆီးရမိ တရားခံများသည် ရန်ကုန်မြို့အတွင်း ဆူပူ အကြမ်းဖက်ဆန္ဒပြရာတွင် ပါဝင်ခဲ့ပြီး ဝေယံထက်(ခ)နိုင်ကြီးသည် ဧပြီလအတွင်း မြဝတီမြို့နယ်၊ လေးကေ့ကော်ကျေးရွာရှိ KNLA တပ်မဟာ(၆)တွင် ဖွင့်လှစ်သည့် အကြမ်း ဖက်ဖောက်ခွဲရေးသင်တန်းအား တက်ရောက်ခဲ့ကြောင်း။

· အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများဆောင်ရွက်ရန် ဇွန် လတွင် ဖမ်းဆီးရမိ တရားခံ ၄ ဦးအပါအဝင် အဖွဲ့ဝင် ၁၃ ဦး ဖြင့် D.S.R အကြမ်းဖက်အဖွဲ့အား ဖွဲ့စည်းခဲ့ကြောင်း။

· အဖွဲ့ခေါင်းဆောင်အဖြစ် ဖမ်းဆီးရန်ကျန် တရားခံ ဝင်းဇော်မိုးမှ ဆောင်ရွက်ပြီး အကြမ်းဖက်လုပ်ရပ်များကို အား ပေးထောက်ခံသည့် အဖွဲ့အစည်းများထံမှ အလှူငွေများရယူကာ ဖမ်းဆီးရမိလက်နက်များနှင့် ဖောက်ခွဲရေးသုံး  ပစ္စည်းများအား ဝယ်ယူခဲ့ကြောင်း။

· အဖွဲ့ဝင်အချင်းချင်း ဆက်သွယ်ရန် Telegram တွင် Group ဖွဲ့၍ အကြမ်းဖက်ဖောက်ခွဲခြင်းနှင့် ပစ်ခတ်တိုက်ခိုက်မှုလုပ်ငန်းများအား Zoom Meeting ဖြင့် Online မှတစ်ဆင့် ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း။

ဖမ်းဆီးရမိတရားခံများသည် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှု ၃ ကြိမ် ကျူးလွန်ခဲ့ပါသည်-

· အောက်တိုဘာလ ၁ ရက်တွင် မိုးကျော်သူ(ခ)Rock Gyi၊ မျိုးမြင့်မြတ်အောင် (ခ) မျိုးကြီး၊ ကျော်မိုးလွင်(ခ)ကျော်ကြီးနှင့် ဖမ်းဆီးရန်ကျန် တရားခံ ဆက်မင်းခန့်(ခ) လရောင် တို့ ၄ ဦးသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ကြိုးတံတားအနီးတွင် လည်းကောင်း။

· အောက်တိုဘာလ ၂၇ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၃)ရပ်ကွက်၊ သီတဂူဘုန်းတော်ကြီးကျောင်းအနီး တွင်လည်းကောင်း။

· အောက်တိုဘာလ ၂၈ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မဝတ လမ်းဆုံအနီးတွင်လည်းကောင်း လက်လုပ် ဗုံးများဖြင့် ဖောက်ခွဲခဲ့ကြောင်း။

· ထိုသို့ အကြမ်းဖက်ဖောက်ခွဲမှုများဆောင်ရွက်နိုင်ရေး ဖမ်း ဆီးရန်ကျန် တရားခံ ဝင်းဇော်မိုးက လက်လုပ်ဗုံးများအား ကိုယ်တိုင်ပြုလုပ်ကာ အကြမ်းဖက်ဖောက်ခွဲမည့်သူများထံသို့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း။

· ဒီဇင်ဘာလ ၉ ရက်တွင် တောင်ဥက္ကလာပမြို့မရဲစခန်းအား ချောင်းမြောင်းပစ်ခတ်ရန်အတွက် ကျော်မိုးလွင်၊ ဖမ်း ဆီးရန်ကျန် တရားခံ ရဲမာန်အောင်(ခ) Zulex နှင့် ဆက်မင်း ခန့်(ခ)လရောင်တို့က ရဲစခန်းအား အခြေအနေစောင့်ကြည့် ပေးကာ Light Truck ယာဉ်အား မျိုးမြင့်မြတ်အောင်(ခ)မျိုးကြီးကမောင်းနှင်၍ ဝေယံထက်(ခ)နိုင်ကြီးမှ ကျည်ဖြည့် ပေးသူအဖြစ် ဆောင်ရွက်ပြီး မိုးကျော်သူက ယာဉ်ပေါ်မှ နေ၍ ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ၂ ချက်ပစ်ခတ်၍ မောင်း နှင်ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း။

· အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက်လိုအပ်သည့်‌ ငွေကြေးနှင့် လက်နက်/ခဲယမ်းများအား ဖမ်းဆီးရန် ကျန် တရားခံ အောင်ကြီးမှ ဝင်းဇော်မိုးထံ ထောက်ပံ့မှုများပြုလုပ်ခဲ့ပြီး ဖမ်းဆီးရန်ကျန် တရားခံ ဝင်းဇော်မိုးက ယာဉ်နှင့် လက်နက်/ခဲယမ်းများ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း။

  အထက်ပါ ဖမ်းဆီးရမိ တရားခံ ၆ ဦးအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှုသတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ  သတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်း ထုတ်ပြန်ထားရှိပါသည်။

  • တောင်ဥက္ကလာပမြို့မရဲစခန်းအား ၄ဝ မမ ဗုံးပစ်လောင်ချာဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက် သမား ကျား ၅ ဦး၊ မ ၁ ဦး၊ ပေါင်း ၆ ဦးတို့အား MK-12 သေနတ် ၂ လက်၊ ၎င်းကျည် ၁၁၀ တောင့်၊ SIG SAUER ပစ္စတို ၁ လက်၊ 9MM LUGER ကျည် ၂၅၅ တောင့်၊ ၄၀ မမ ဗုံးသီး ၅ လုံး၊ ကျည်အိမ်မျိုးစုံ ၆ ခု၊ မော်တာ ၁ လုံး၊ ငွေသိန်း ၁၀၀ ကျပ်၊ ဓာတ်ငွေ့ကာ ၁ ခု၊ မော်တော်ယာဉ် ၁ စီးတို့နှင့် အတူ ဖမ်းဆီးရမိခဲ့။
  •  ဖြစ်စဉ်တွင် အပြစ်မဲ့ကလေး ၂ ဦး၊  အမျိုးသမီး ၂ ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး အသက် ၇ နှစ်အရွယ် ကလေး ၁ ဦး ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့။
  •  ဖမ်းဆီးရမိတရားခံများသည် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှု ၃ ကြိမ် ကျူးလွန်ခဲ့ပြီး အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက်လိုအပ်သည့်‌ ငွေကြေးနှင့် လက်နက်/ခဲယမ်းများအား ဖမ်းဆီးရန်ကျန် တရားခံ အောင်ကြီး မှ ဝင်းဇော်မိုး(ခ) မိုးဟိန်း(ခ)Brain Wave ထံ ထောက်ပံ့မှုများပြုလုပ်ခဲ့ပြီး ဖမ်းဆီးရန်ကျန် တရားခံ ဝင်းဇော်မိုး(ခ)မိုးဟိန်း(ခ)Brain Waveက ယာဉ်နှင့် လက်နက်/ခဲယမ်းများ ထုတ်ပေးခဲ့ခြင်းဖြစ်။