ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ဂမ်ဘီယာနိုင်ငံမှ ICJ တွင် တရားစွဲဆိုခဲ့မှုနှင့်ပတ်သက်၍ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များမှ သဘောထားထုတ်ပြန်ချက်များထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ဂမ်ဘီယာနိုင်ငံမှ OIC အဖွဲ့ ကိုယ်စားပြု၍ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် တရားစွဲဆိုခဲ့မှုနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံအား ပြင်းထန်စွာရှုတ်ချကြောင်းနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် အပါအဝင်  ဥပဒေရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို အားပေးထောက်ခံပြီး ၎င်းတို့နှင့်အတူ တစ်သားတည်းရပ်တည်ကြောင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) နှင့်  မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့တို့က သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ကြေညာခဲ့ပါသည်။

  • အဆိုပါတရားစွဲဆိုမှုနှင့်ပတ်သက်၍ ဂမ်ဘီယာ၏စွပ်စွဲချက်အား ပြင်းထန်စွာရှုတ်ချကြောင်း၊ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးအတွက် ကာကွယ် ကြိုးပမ်းလျက်ရှိသည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား အားပေးထောက်ခံလျက် တစ်သားတည်းရပ်တည် ကြောင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် ရက်စွဲဖြင့် လည်းကောင်း။
  • ဤအမှုကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လူနည်းစုတိုင်းရင်းသားများဖြစ်ကြသည့် မြို၊ သက်၊ ခမီစသည့် တိုင်းရင်းသားလူမျိုးစုများအား လူမျိုးသုဉ်းသတ်ဖြတ်မှု၊ ဟိန္ဒူဘာသာကိုးကွယ်သူများများအား အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်ဘာသာရေးအစွန်းရောက်တို့ကို လျစ်လျူရှု၍ ဘာသာရေးအကြမ်းဖက်အစွန်းရောက်တို့ဘက်မှ ရပ်တည်ကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို မတရားစွပ်စွဲသော ဂမ်ဘီယာနိုင်ငံအား ပြင်းထန်စွာရှုတ်ချကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံသားတို့အကျိုးအတွက် ကာကွယ်ကြိုးပမ်းလျက်ရှိသည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား အားပေးထောက်ခံလျက် တစ်သားတည်းရပ်တည်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ (ဗဟို) က ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် ရက်စွဲဖြင့် လည်းကောင်း။
  • တရားရုံး၏ ဒုတိယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏ နိဂုံးချုပ်မိန့်ခွန်း၊ ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့ မြန်မာကိုယ်စားပြုရှေ့နေကြီးများ၏ လျှောက်လဲချက်များပါ ဂမ်ဘီယာ နိုင်ငံက တင်သွင်းခဲ့သည့်အပေါ် တရားရုံးကစီရင် ပိုင်ခွင့်မရှိ ကြောင်းနှင့် သို့မဟုတ် ဂမ်ဘီယာနိုင်ငံသည် တရားစွဲဆိုပိုင်ခွင့်မရှိကြောင်း ကြေညာပေးရန် အပြည်ပြည် ဆိုင်ရာတရားရုံးသို့ လျှောက်ထားချက်အား ထောက်ခံကြောင်းနှင့် တရားမျှတမှု အတွက် မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ဥပဒေနှင့်အညီ ကြိုးပမ်းကာကွယ်လျက်ရှိသော ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်ဦးစီးသည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ တစ်သားတည်းရပ်တည်ကြောင်း မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့က ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက် ရက်စွဲဖြင့်လည်းကောင်း သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့။

ဤအမှုကိစ္စနှင့်ပတ်သက်၍ တရားမျှတမှုအတွက် မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးစီးပွားကို ဥပဒေနှင့်အညီ ကြိုးပမ်းကာကွယ်လျက်ရှိသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများကတစ်သားတည်း ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။  

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ဂမ်ဘီယာနိုင်ငံမှ OIC အဖွဲ့ ကိုယ်စားပြု၍ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် တရားစွဲဆိုခဲ့မှုနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံအား ပြင်းထန်စွာရှုတ်ချကြောင်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် အပါအဝင်  ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို အားပေးထောက်ခံပြီး ၎င်းတို့နှင့်အတူ တစ်သားတည်းရပ်တည်ကြောင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)နှင့်  မြန်မာနိုင်ငံ စစ်မှုထမ်း ဟောင်းအဖွဲ့တို့က သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ကြေညာခဲ့။

Add new comment