အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အကြမ်းဖက်လုပ်ရပ်များ အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဆက်လက်ဖော်ထုတ်အရေးယူ

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက် အောက်ခံအဖွဲ့အစည်းများ၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် လိုက်ပါမလုပ်ဆောင်ရန် တားမြစ်ထားသော်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် လုပ်ရပ်များကို အားပေးလုပ်ဆောင်ခဲ့သဖြင့် တရားဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ-

  • ဖေဖော်ဝါရီလ ၂၄ ရက်တွင် ကချင်ပြည်နယ်၌ ၁ ဦး၊ ပဲခူးတိုင်းဒေသကြီး၌ ၁ ဦး၊ ဖေဖော်ဝါရီလ ၂၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၌ ၁ ဦး၊ မန္တလေးတိုင်းဒေသကြီး၌ ၁ ဦး၊ ဖေဖော်ဝါရီလ ၂၆ ရက်တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၌ ၁ ဦး၊ စုစုပေါင်း ၅ ဦးတို့ကိုဖမ်းဆီးခဲ့၊၊
  • ဇန်နဝါရီလ ၂၇ ရက်မှ ဖေဖော်ဝါရီလ ၂၆ ရက်ထိ စုစုပေါင်း ၂၃၃ ဦးအား ဥပဒေ နှင့်အညီ အရေးယူထားပါသည်၊၊

 ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။                          

  • ဖေဖော်ဝါရီလ ၂၄ ရက်တွင် ကချင်ပြည်နယ်၌ ၁ ဦး၊ ပဲခူးတိုင်းဒေသကြီး၌ ၁ ဦး၊ ဖေဖော်ဝါရီလ ၂၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၌ ၁ ဦး၊ မန္တလေးတိုင်းဒေသကြီး၌     ၁ ဦး၊ ဖေဖော်ဝါရီလ ၂၆ ရက်တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၌ ၁ ဦး၊ စုစုပေါင်း ၅ ဦးတို့ကိုဖမ်းဆီးခဲ့၊၊
  • ဇန်နဝါရီလ ၂၇ ရက်မှ ဖေဖော်ဝါရီလ ၂၆ ရက်ထိ စုစုပေါင်း ၂၃၃ ဦးအား ဥပဒေနှင့်အညီ အရေးယူထား၊၊

Add new comment