ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်၌ ဖေဖော်ဝါရီလစတုတ္ထပတ် တစ်ပတ်တာကာလ အတွင်း စာရင်းဝင်ကုမ္ပဏီ ၇ ခု၏ စတော့ရှယ်ယာရောင်းဝယ်မှုမှ ငွေကျပ် ၉၅ သန်းကျော် ရရှိခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏စာရင်းအရ သိရှိရပါသည်။
ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၅ ရက်အထိ တစ်ပတ်တာကာလအတွင်း စာရင်းဝင် ကုမ္ပဏီများ၏ အရောင်းအဝယ်ပြုလုပ်မှုအနေဖြင့် ရန်ကုန်စတော့အိတ်ချိန်း ကုမ္ပဏီ ၇ ခု ဖြစ်သော First Myanmar Investment Public Co.,Ltd.(FMI)၊ Myanmar Thilawa SEZ Holdings Public Co.,Ltd.(MTSH)၊ Myanmar Citizens Bank ltd. (MCB)၊ First Private Bank Co.,Ltd.(FPB)၊ TMH Telecom Public Co.,Ltd.၊ Ever Flow River Group Public Co.,Ltd.(EFR)၊ AMATA Holding Public Co.,Ltd.များက စုစုပေါင်း စတော့ရှယ်ယာအစောင်ရေ ၁၃,၀၇၇ စောင်မှ ငွေကျပ် ၉၅,၀၅၇,၀၅၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။
- ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၅ ရက်အထိ တစ်ပတ်တာကာလအတွင်း စာရင်းဝင်ကုမ္ပဏီ ၇ ခု၏ စုစုပေါင်းစတော့ရှယ်ယာအစောင်ရေ ၁၃,၀၇၇ စောင်မှ ငွေကျပ် ၉၅,၀၅၇,၀၅၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့။
Add new comment