အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများနှင့် လက်နက်/ခဲယမ်းများကို လက်ဝယ်ထားရှိခဲ့သူများအား ပြစ်ဒဏ်အသီးသီးချမှတ်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နေ မိုးသီဟနှင့် စည်သူအောင်(ခ)ငမိုးတို့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ဆူပူဆန္ဒပြမှုဖြစ်စဉ်များတွင် တက်ကြွစွာပါဝင်လှုပ်ရှားခြင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းများဖြင့် ဆက်သွယ်ခြင်း/ငွေကြေးထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)အရ ၎င်းတို့အား “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ်ချမှတ်ခဲ့ပြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်နေ ပိုင်ပိုင်(ခ)ညီညီပိုင်သည် အကြမ်းဖက်သမားများမှ လာရောက်အပ်နှံထားသော အကြမ်းဖက်မှုများ လုပ်ဆောင်ရာတွင် အသုံးပြုသည့် လက်နက်/ခဲယမ်းများဖြစ်သည့် အီနာဂါ ၈ လုံး၊ လက်လုပ်သေနတ် ၁ လက်၊ ၉ မမ ကျည် ၁၄ တောင့်၊ လက်လုပ်မိုင်း ၂ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ဆက်စပ်ပစ္စည်းများအား လက်ဝယ်ထားရှိခဲ့သည့်အတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁(ဂ) အရ ၎င်းအား “ထောင်ဒဏ် ၁၀ နှစ်” အဖြစ် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်တွင်  ပြစ်ဒဏ်များ အမိန့် ချမှတ်လိုက်ကြောင်း သိရှိရပါသည်။

 အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများအား ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။

စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါ ပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • အကြမ်းဖက်အဖွဲ့အစည်းများဖြင့် ဆက်သွယ်ခြင်း/ငွေကြေးထောက်ပံ့ခြင်းနှင့် ဆူပူဆန္ဒပြမှုဖြစ်စဉ်များတွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သည့် မိုးသီဟနှင့် စည်သူအောင် (ခ)ငမိုး တို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) အရ “ထောင်ဒဏ် တစ်သက်” ပြစ်ဒဏ်များ အမိန့်ချမှတ်ခဲ့။
  • အကြမ်းဖက်သမားများမှ လာရောက်အပ်နှံထားသော အကြမ်းဖက်မှုများ လုပ်ဆောင်ရာတွင် အသုံးပြုသည့် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား လက်ဝယ်ထားရှိခဲ့သည့် ပိုင်ပိုင်(ခ)ညီညီပိုင်သည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁(ဂ) အရ “ထောင်ဒဏ် ၁၀ နှစ်” ပြစ်ဒဏ်များ အမိန့်ချမှတ်ခဲ့။
  • ထွက်ပြေးလွတ်မြောက်နေသူများအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်း ထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့။

Add new comment