စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ PDF အကြမ်းဖက်သမားများက အကြမ်းဖက်လုပ်ရပ်များဖြစ်ပေါ်စေရန် လှုံ့ဆော်ခြင်း၊ အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား သတ်ဖြတ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူ လူထုနှင့် ခရီးသွားပြည်သူများအား အဓမ္မခြိမ်းခြောက် ဆက်ကြေးတောင်းခံခြင်းစသည့် အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်နေကြောင်း တာဝန်သိပြည်သူအချို့၏ သတင်းပေးပို့ချက်များအရ သိရှိရပါသည်။
ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးကိစ္စရပ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိစဉ် ယင်းမာပင်မြို့နယ်၊ ချင်းပုန်းကျေးရွာ၌ PDF အကြမ်းဖက်သမားများ ရောက်ရှိခိုအောင်းလျက်ရှိကြောင်း သတင်းအရ ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းအား လိုအပ်သည့်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ရေး ချဉ်းကပ်စဉ် အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများသည် ထိခိုက်ဒဏ်ရာရရှိမှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။ ဖြစ်စဉ်နေရာအား ရှင်းလင်းရှာဖွေခဲ့ရာ အကြမ်းဖက်သမားအလောင်းအချို့၊ လက်နက်ခဲယမ်းများနှင့် အခြားဆက်စပ်ပစ္စည်းများ၊ မော်တော်ယာဉ်မျိုးစုံ ၆ စီး၊ ဆိုင်ကယ်မျိုးစုံ ၄၅ စီး၊ Drone ၁ စင်း၊ လမ်းလျှောက်စကားပြောစက်များ၊ နိုင်ငံကူးလက်မှတ် ၃၆ အုပ်နှင့် ပေ ၁၀၀ ပတ်လည် ရှိ လေ့ကျင့်ရေးကွင်း ၁ ခုတို့ကို သိမ်းပိုက်ရရှိခဲ့ပါသည်။
အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးပစ်မှတ်များမဟုတ်သော ဘာသာရေး၊ ပညာရေးဆိုင်ရာအဆောက်အဦများနှင့် လူနေအိမ်များကို အကာအကွယ်ရယူပစ်ခတ်တိုက်ခိုက်ခြင်း၊ စခန်းချအခြေပြု အကာအကွယ်ယူတိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု ကျူးလွန်ရာ ရောက်ပြီး အဆိုပါရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာတည်ဆဲဥပဒေများဖြင့် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
- ယင်းမာပင်မြို့နယ်၊ ချင်းပုန်းကျေးရွာအတွင်း ခိုအောင်းနေထိုင်၍ အဖျက်အမှောင့် လုပ်ရပ်များလုပ်ဆောင်နေသည့် PDF အကြမ်းဖက်သမားများအား လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ။
- အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးပစ်မှတ်များမဟုတ်သော ဘာသာရေး၊ ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် လူနေအိမ်များကို အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခြင်း၊ စခန်းချအခြေပြု အကာအကွယ်ယူ တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှုကျူးလွန်ရာရောက်ပြီး အဆိုပါ ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်။
Add new comment