အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH NUG အမည်ခံ အဖွဲ့များနှင့် ၎င်းတို့၏လက်ဝေခံ PDF အဖွဲ့များအနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်၊ လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်စေရန် ရည်ရွယ်ကာ မီးရထားသံလမ်း များပေါ်၌ မိုင်းထောင်ထားခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းများကဲ့သို့ အကြမ်းဖက်မှုလုပ်ရပ်များအား ဒီဇင်ဘာလ ၂၁ ရက်တွင် လုပ်ဆောင်ခဲ့ပါသည်။
· မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ဘူတာမှ ထွက်ခွာလာသည့် ပခုက္ကူ-ကျွန်းချောင်း အမှတ်(၂)အစုန်ရထားသည် မီးရထားလမ်းမိုင်တိုင် အမှတ်(၄၇၄/၆-၇)ကြား အရောက် ၌ အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် စက်ခေါင်းမောင်း၊ အကူစက်ခေါင်းမောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးတို့ မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အဆိုပါရထားစက် ခေါင်းမှာလည်း မိုင်းစထိမှန်ပျက်စီးခဲ့။
· အခင်းဖြစ်နေရာအနီးမှ လက်လုပ်မိုင်း ၁ လုံး၊ ဆိုင်ကယ်ဘတ္ထရီအိုး ၃ လုံး၊ ဝိုင်ယာကြိုး ၂ ချောင်း၊ နှစ်ပင်လိမ်ဝိုင်ယာကြိုး ၁ ချောင်းနှင့် ကြိုးခွေ ၁ ခွေတို့အား တွေ့ရှိရပြီး သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများ အား ပခုက္ကူမြို့နယ်ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိခဲ့။
· မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကန် ပေါက်ကျေးရွာအနီး ကျောက်ပန်းတောင်း-ပျဉ်းမနား မီးရထားလမ်းကြေးနန်းတိုင် အမှတ် ၃၆၁/၁၁-၁၂ ကြားရှိ ခုံးကျော်တံတားအား အကြမ်းဖက်သူများက လက်လုပ်မိုင်း ဖြင့် ဖောက်ခွဲခဲ့ရာ မီးရထားသံလမ်း သစ်သားဇလီဖားတုံး နှင့် သံလမ်းအဆက် ၁ ခု တို့ပျက်စီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးမှုပြုလုပ်နေစဉ် လက်လုပ်မိုင်း ၁ လုံးထပ်မံ ပေါက်ကွဲခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာ အနည်းငယ်ရရှိခဲ့။
အထက်ပါဖြစ်စဉ်များမှ လမ်းပန်းဆက်သွယ်ရေးပြတ် တောက်သွားစေရန် ရည်ရွယ်ချက်ဖြင့် မီးရထားသံလမ်းများပေါ်၌ မိုင်းထောင်ဖောက်ခွဲခြင်း၊ ခရီးသည်များတင်ဆောင်မောင်းနှင်လာသည့်မီးရထားတို့အား မိုင်းဆွဲတိုက်ခိုက်ခြင်းများ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
- PDF အမည်ခံအကြမ်းဖက်သမားများက ပခုက္ကူမြို့တွင် ခရီးသည်တင်မီးရထားတစ်စင်းအား မိုင်းဆွဲတိုက်ခိုက်ခြင်းနှင့် ကျောက်ပန်းတောင်းမြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်စေရန်အတွက် မီးရထားသံလမ်းများပေါ်၌ မိုင်း ထောင်ဖောက်ခွဲခြင်းများ ပြုလုပ်ခဲ့။
- ဖြစ်စဉ်တွင် စက်ခေါင်းမောင်း၊ အကူစက်ခေါင်းမောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးတို့ မိုင်းစထိမှန်ဒဏ်ရာများရရှိကာ ရထားစက်ခေါင်း၌ မိုင်းစထိမှန်ပျက်စီးခဲ့ပြီး လက်လုပ်မိုင်း ၁ လုံး၊ ဆိုင်ကယ်ဘတ္ထရီအိုး ၃ လုံး၊ ဝိုင်ယာကြိုး ၂ ချောင်း၊ နှစ်ပင်လိမ်ဝိုင်ယာကြိုး ၁ ချောင်းနှင့် ကြိုးခွေ ၁ ခွေတို့အား သိမ်းဆည်းရမိခဲ့။